Part 1

24.8K 643 5
                                        

Unicode version

🎀မချစ်တက်တာလား...မချစ်ရဲတာလား...မချစ်နိုင်တာလား🎀

(အပိုင်း-၁)

သေးသွယ်သွယ်လက်ချောင်းလေးများ piano keyboard ပေါ်မှ ကြွလိုက်သည့်အချိန် နှစ်ထောင်းအားရသော လက်ခုပ်သံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။

ညဉ့်နက်ကဗျာ။ နေရာမှ အသာအယာထ ရပ်လိုက်သည်။ Grand piano Professional player
တစ်ယောက်ဖြစ်သည်နှင့်အညီ။ သူမရဲ့ တကိုယ်တော်တီးခပ်သည့် Concert များကို ရက်ကြိုတင် Appointment ယူထားရအောင်ပင်။နာမည်ကြီးသည်။

ဌားရမ်းသည့်ပွဲ များရှိလျင်လဲ သူမ ရဲ့သတ်မှတ်ဈေးနူန်းအတိုင်းလိုက်လံတီးခပ်ပေးသည်။

ညဉ့်နက် ကိုယ်ကို ကိုင်းပြီး ပရိတ်သတ်များကိုဦးညွှတ်လိုက်သည်။

"အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ မြန်မာနိုင်ငံကိုပထမဆုံးလာရောက်တီးခပ်ခွင့်ရအောင် ဖန်တီးပေးသော တာဝန်ရှိလူကြီးမင်းများအားလံုးကိုအထူးကျေးဇူးတင်ပါတယ်ရှင်"

သူမရဲ့ မန်နေဂျာဖြစ်သူ။ မွန်းမွမ်းရည်နွယ်က စကားဆက်သည်။

"ကျွန်မတို့ နောက်ထပ်နောက်ထပ် ‌ဆုံတွေ့ချင်ပါသေးတယ်။ ကျေးဇူးတင်ပါတယ်ရှင်"

ညဉ့်နက်ပြုံးလိုက်သည်။ ဘယ်ပွဲမဆို သူမ ဘာမှပြောစရာမလိုပါ။ သတင်းထောက်နဲ့ဆိုရင်တောင် သူမ မဖြေချင်မှန်းသိလို့ မွန်းမွန်းပဲ ဖြေပေးတာချည်း။

သူမ ဖြစ်စေချင်သလို လိုက်လုပ်ပေးတဲ့ မန်နေဂျာ ကောင်းတစ်ယောက်ပေါ့။ သူမတို့ အနောက်အခန်းကိုဝင်သွားချိန်မှာတော့ presenter ထွက်လာပြီး။ပရိတ်သတ်တွေကိုစကားပြောသည်။

ညဉ့်နက် အနီရောင်ပိုးပျော့ ပွဲတက်ဝတ်စုံကို မ ပြီး။

"မွန်း။ အခု ဘာထပ်ရှိသေးလဲ။"

"အင်တာဗျူးရှိသေးတယ်။ ညဉ့်နက်ရဲ့။ " ဆိုတော့ သူမ မျက်နှာနည်းနည်းညှိုးသွားသည်။ မွန်ူမွန်းက

"ခဏပါပဲ။ ငါဖြေပေးမယ်။ ဒီမှာ သူတို့ မေးခွန်းတွေကြိုပေးထားတယ်"

"အင်းပါ"

"နည်းနည်းနေရကြပ်လဲ ဒီဝတ်စုံအတွက် နည်းနည်းသည်းခံလိုက်"

မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)Where stories live. Discover now