Unicode version
🎀မချစ်တတ်တာလား...မချစ်ရဲတာလား...မချစ်နိုင်တာလား🎀
အပိုင်း-၁၀
"ကောင်းလား"
"ကောင်းပါတယ်။ အရသာရှိတယ်။ ဒီမုန့်မစားရတာတောင်ကြာပြီ"
ကလောမြို့ထဲ တိမ်ညိုကို ခေါ်လာတာဖြစ်သည်။ နာမည်ကြီး ဂီတပညာရှင်ဆိုပေမယ့် သူမ ဒီနိုင်ငံမှာသိတဲ့သူရှားသည်။
ဆိုတော့ နိုင်ငံခြားမှာနေသလို မကျဉ်းကြပ်ပါဘူး။ လွတ်လွတ်လပ်လပ်ပဲ။ သူမကြိုက်တဲ့ရှမ်းရိုးရာမုန့်များရောင်းတဲ့ဆိုင်မှာ ထိုင်ေနသည်ပင် နာရီဝက်ရှိနေသည်။
"လည်မယ်ဆိုရင်တော့ လည်ဖို့တွေအများကြီးပဲာ တိမ်ညိုဘယ်သွားချင်လဲ ပြောလေ"
"ရပါတယ်။ ညဉ့်နက်သွားချင်ရာသွား" ဆိုတော့ ညဉ့်နက်က
"တိမ်ညို။ တကယ်နော်။ "
"အင်း"
"ဒါဆို။ ကိုယ် ဘုရားကျောင်းကိုကိစ္စရှိလို့သွားမယ်။ လိုက်မလား"
ဆိုတော့ တိမ်ညို။ လိုက်မယ်လို့ပြောမထွက်ပါ။ သူမကိုဘုရားလိုက်ပို့မှာ မဟူတ်ဘဲ။ ဘုရားကျောင်းသွားမယ်ဆိုတော့
"အဆင်မပြေရင် တိမ်ညိုကိုအိမ်ပြန်ပို့ပေးမယ်။"
တိမ်ညိုက"အဆင်မပြေဘူးဆိုတာထက်။ ညဉ့်နက်နဲ့ တိမ်ညိုရဲ့ အခြေအနေကို သတိရလိုက်လို့ပါ။ ဒီကနေ ရှေ့ကို ခရီးဆက်ကြမယ်ဆိုရင် အခုလို ဘာသာမတူတာက အနှောင်အယှက်များဖြစ်နေမလား"
ညဉ့်နက် စိုးရိမ်တဲ့အထဲ ဒီအချက်လဲ ပါသည်။ အရင်တစ်ခါက ဖြစ်ခဲ့ဖူးတာကို သူမ ထပ်အဖြစ်ခံမှာမဟူတ်ဘူး။ ဒါကြောင့်
"ကိုယ်တို့က လက်ထပ်ထားတာပဲလေ။ တချိန်ချိန်ကျရင် ကလေးမွေးစားမယ်စီစဉ်ရင် ကို ဒါက အခက်အခဲမှ မဟုတ်တာ။ ကိုယ့်ဖေဖေမရှိကတည်းက ကိုယ်ဘုရားကျောင်းကနေပဲကြီးပြင်းလာခဲ့တာ။
အခုသွားမှာကလဲ။တနင်္ဂနွေနေ့ အတွက် ဆွေးနွေးဖို့သွားမှာ။ ကိုယ့်ကိုတခြားကန့်သတ်ချက်ပေးနိုင်ပေမယ့်။ ဒါကတော့ မရဘူး။ တိမ်ညိုကို ကိုယ့်ဘာသာထဲဆွဲသွင်းမှာမဟုတ်သလို။ ကိုယ့်ကိုလဲ အမြင်ကြည်ပေးဖို့လိုတယ်"

YOU ARE READING
မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)
General Fictionတိမ်ညိုအမုန်းနဲ့ညဉ့်နက်ကဗျာတို့ရဲ့ဘဝဇာတ် ကြောင်း။ ငယ်ရွယ်စဉ်ကသံယောဇဉ်တပိုင်းတစ နောက်တချိန်ပြန်တွေ့တဲ့အချိန်မှာတော့........ Own Creation by me.