Unicode version
🎀မချစ်တက်တာလား....မချစ်ရဲတာလား....မချစ်နိုင်တာလား🎀
(အပိုင်း-၇)
"မမြင့်...ဒီကိုလာကြည့်ပါအုံး'
မြင့်အေးတော့ကြားမကြားမသိ။ အိမ်ရှေ့တွင် လက်ဖက်ရည်ကြမ်းသောက်ရင်း စာဖတ်နေတဲ့သူမကတော့ လှည့်ကြည့်မိသည်။
ဘာကိုပြချင်တာလဲပေါ့။ ရေကူးကန်ဘေးမှာထိုင်နေတာတွေ့တယ်။ မြင့်အေးအပြေးရောက်လာပြ္း
"ဘာများလဲ မမလေး။ ကျွန်မ အဆောင်ခဏပြန်နေတာမလို့ မကြားလိုက်ဘူး"
"ဒီနားလေ။ ဒီလို။ ဒီပစ္စည်းတွေကောနေတာနဲ့ ဒီလိုလုပ်ကြမလား"
ရေကူးကန်ဘေးနေရာကွက်လပ်လေးတွင် မြေနေရာအလွတ်ကလေးဖြစ်နေတာကြောင့် ဘေးနားကကျောက်စရစ်လှလှလေးတွေနဲ့ အလှစီချင်ပုံပေါ်သည်။
မြင့်အေးက
"ကျွန်မ မမကြီးကိုသွားမေးလိုက်အုံးမယ်"
ညဉ့်နက် မကြားသလို စာပြန်ဖတ်နေသည်။ သူမ ဆီမြင့်အေးရောက်လာပြီး
"မမကြီး။ "
"သူဖြစ်ချင်တာလုပ်ပေးလိုက်။ သူမလုပ်စေနဲ့"
"ဟုတ်ကဲ့။ဟုတ်ကဲ့"
မြင့်အေးပြန်ထွက်သွားသည့်နောက် ညဉ့်နက်သက်ပြင်းချလိုက်သည်။ ဘယ်လိုသတိပြန်ရအောင်လုပ်ရမလဲ။
မသိတော့ဘူး။ သူမကို လောလောဆယ်တော့ တစ်ခုမှ အထိခိုက်မခံနိုင်သေးပါ။
သူမ မှားသွားခဲ့မှာ စိုးရိမ်နေသည်။ ထို့နည်းတူ။ စတွေ့ခဲ့တဲ့အချိန်ကနေစပြီး ချည်းကပ်ရမလား။ မဟုတ်သေးဘူး။ အချိန်ကအရမ်းမရဘူး။ သူမ ရဲ့ schedule တွေက အခုသာနားနေတာလေ။
မကြာခင် ပြန်စတော့မှာ ဆိုတော့ နောက်အချိန်သူမခရီးထွက်ရင် တိမ်ညို ကိုခေါ်သွားမှ စိတ်ချရလိမ့်မည်။
အမြန်ဆုံးနည်းလမး်က ဟိုတယ်ကလို သူမပြန်သတိရနိုင်တဲ့ သံစဉ်ကို တီးလိုက်တာပဲဖြစ်မယ်။ ဒါပေမယ့် အထိခိုက်များမယ်။
နေကောင်းတာဖြင့်မကြာသေးဘူး။ ဒါဆိုရင်။
"ရပြီ။ ဒီလောက်ဆိုရင်။ လှသွားပြီလေ။နော်"

YOU ARE READING
မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)
General Fictionတိမ်ညိုအမုန်းနဲ့ညဉ့်နက်ကဗျာတို့ရဲ့ဘဝဇာတ် ကြောင်း။ ငယ်ရွယ်စဉ်ကသံယောဇဉ်တပိုင်းတစ နောက်တချိန်ပြန်တွေ့တဲ့အချိန်မှာတော့........ Own Creation by me.