Part 2

9.2K 357 1
                                        

Unicode version

🎀မချစ်တက်တာလား...မချစ်ရဲတာလား...မချစ်နိုင်တာလား🎀

အပိုင်း(၂)

ဝန်ထမ်းအသုံးပြုသော သန့်စင်ခန်းအတွင်း ဝင်လာပြီး လက်ကိုင်အိတ်ထဲက ပေါင်ဒါမုန့်နှင့်လက်ငါးချောင်းရာနေရာကို ဖို့လိုက်သည်။

လေပူမူတ်ထုတ်ရင်း စိတ်တင်းထားလိုက်သည်။ ဒါဖြစ်နေကျပဲ။ ဖြစ်နေကိုဘာလို့ အပိုတွေ ခံစားနေမှာလဲ။ သန့်စင်ခန်းထဲက ထွက်လာတော့

"တိမ်ညို။ထပ်ပြီးအရိုက်ခံရပြန်ပြီဆို။ ဘယ်လ်ုဖြစ်တာလဲဟယ်။နင်ဒီဌာနကိုရောက်ပီ့းကတည်းက တစ်ရက်မှအေးဆေးတယ်ကို မရှိဘူး။ စားဖိုဆောင်ဘက်ပြောင်းမလား"

"ရတယ်။နီနီ အဆင်ပြေသွားမှာပါ။  "

တိမ်ညို ရှောင်ထွက်လာသည်။ သူမ ဘာဖြစ်နေနေ။သူမအကြောင်းသူမခံစားချက်ကိုနည်းနည်းလေးမှ အပြင်မထွက်စေရပါ။ ဒီနေ့ကတော့ ချို့ယွင်းချက်ပေါ့။

တိမ်ညို။ သူမအလုပ်ဆက်လုပ်ဖို့ ခရီးဆက်ရသည်။

.....

ညဉ့်နက်။ သူမရဲ့ ကားဟိုတယ်ကထွက်သွားသည်ကို စိုက်ကြည့်မိနေသည်။ ကော်ဖီဖြေးဖြေးချင်းသောက်ရင်းအကြည့်ကတော့မရွေ့။

မွန်းမွန်းက

"ဒီတော့။ သူ့ကိုဘာလုပ်ချင်လဲ"

ညဉ့်နက်ပြန်မဖြေ။

"ညဉ့်နက်ရဲ့ အဖြစ်အပျက်ကိုသိရပြီးကတည်းက အံ့တစ်ယောက်ကိုအမူန့်ချေပစ်ချင်နေတာနော်။ ညဉ့်အခုလိုပဲ နေမယ်ဆိုရင် ငါ ကိုင်တွယ်လိုက်မယ်'

"လွတ်ထားလိုက်"

"အမ်"

ညဉ့်နက်က

"သူနဲ့ပါတ်သတ်မိရင် ဘာကောင်းကျိုးရလာမှာမို့လဲ။ လွတ်ထားလိုက်။ ငါတို့ဦးတည်ချက် ပျောက်လို့မရဘူး"

ဆိုတော့ မွန်းမွန်းက စိတ်မရ‌ှည်စွာ

"ညဉ့်ဘဝကို ဖြတ်ဆီးခဲ့ကြတာနော်။"

"သိတယ်။ ငါကိုယ်တိုင်ခံစားရတာပဲ။ ....ဒါပေမယ့်။ အချိန်မကျသေးဘူး။ ပြီးတော့ ....အဓိက က သူမဟုတ်ဘူး"

မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)Nơi câu chuyện tồn tại. Hãy khám phá bây giờ