Part 3

7.3K 353 4
                                        

Unicode version

🎀မချစ်တက်တာလား...မချစ်ရဲတာလား...မချစ်နိုင်တာလား🎀

(အပိုင်း-၃)

"ဖေဖေ။ သမီးဘာလို့ဒီရောက်နေတာလဲ?"

ဦးတင်ဝင်း အံတင်းတင်းကြိတ်ရင်းပြုံးလိုက်သည်။

"သမီးဘာမှမမှတ်မိတော့ဘူး။ထင်တယ်။ အလုပ်လုပ်ရင်းသတိလစ်သွားတယ်ဆိုလို့ ဖေဖေအစည်းအဝေးကိုထားပစ်ခဲ့ပြီး လိုက်လာတာ"
ဪ။ ဟုတ်လား။ သူမ ခေါင်းထဲမှာ ဘာမှ မကျန်ခဲ့တော့။ သူမ သိတာက မန်နေဂျာချုပ်လှမ်းခေါ်လို့ ရုံးခန်းကိုအပြေးလာခဲ့တဲ့အချိန်နောက်ပိုင်းအဆက်ပျက်သွားခဲ့တာပင်။

ဖြစ်နေကျအရာတစ်ခုကြောင့်  မအံ့ဩတော့ပါ။

"တိမ်ညိုသတိရပြီလား။ အလုပ်ပင်ပန်းတယ်ထင်တယ်။ အရင်နားလိုက်အုံး။ တပါတ်ခွင့်ပေးတယ်။ နော်။ ကောင်းကောင်းအနားယူ"

မန်နေဂျာချုပ်အရမ်းသဘောကောင်းနေသည်။

"ဟုတ်ကဲ့။ မန်နေဂျာချုပ်။ "

နီနီက

"ဒါဆို။ ငါပြန်အုံးမယ်နော်။ အဖေလဲရောက်လာပြီဆိုတော့"

"အင်းအင်း။ကျေးဇူးပါ။နီနီ"

နီနီ ပြုံးပြီး ထွက်သွားတော့ ဖေဖေက

"ဘယ်အချိန်ဆေးရုံဆင်းလို့ရမလဲ။ ဖေဖေ"

"အခုဆင်းမလား။ ရတယ် သမီး။ ‌ပြီးတော့ သီးနဲ့ မိတ်ဆက်ပေးရမယ့်သူလဲရှိနေတယ်။ အိမ်ရောက်မှ သမီးကိုကိစ္စတစ်ခုအသေးစိတ်ပြောရအုံးမယ်".

ယောက်ျားပေးစားဖို့တော့ ထပ်မလုပ်ပါနဲ့ ဖေဖေ။ သူမ သိနေသည်။ သူမ တက္ကသိုလ်ပြီးကတညိးက  အိမ်ထောင်ချပေးဖို့လုပ်နေခဲ့တာ။

သူမလက်မခံနိုင်တာကြောင့်အခုထိ ဖေဖေဇွဲကောင်းနေတာပင်။

သူမနဲ့ ဆေးရုံအတူဆင်းလာခဲ့ပေမယ့် သူမ အခြေအနေက အကောင်းကြီးမဟုတ်သေး။ ကားပေါ်ရောက်တော့

"သမီးဘာစားမလဲ။ ဖေဖေတို့တခုခုဝင်စားရအောင်"

"အိမ်ပြန်မှာပဲဖေဖေ။ အိမ်ရောက်မှစားမယ်လေ"

မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)Where stories live. Discover now