Unicode version
🎀မချစ်တတ်တာလား...မချစ်ရဲတာလား....မချစ်နိုင်တာလား🎀
အပိုင်း-(၉)
ခွန်နောင်။ သုံးချပ်ဖဲ နဲ့ သိန်း၁၀၀ ကျော်ရှုံးပြီးနောက်။ သူ့ရှေ့က ဖဲဝေတဲ့ကောင်မလေးကိုပင် သတ်ပစ်ချင်လောက်အောင်ဒေါပွနေသည်။
ပါလာတဲ့ငွေတွေကုန်လုနီးပါးဖြစ်နေပြီ။ ဦးလေးဆီကငွေရနိုင်မလား။ မဖြစ်နိုင်ဘူးထင်တယ်။ ပီ့းခဲ့တဲ့လက သူတောင်းတာကို သိန်း၂၀၀ပဲပေးနိုင်တာ။
ခွန်နောင် လက်ကျန်ငွေ၁၀၀၀၀၀ ကိုချန်ပြီး ကစားဝိုင်းထဲက ထွက်လာသည်။
တရားမဝင်ဖြစ်သည့်အတွက် သူ့လိုလူတွေရဲ့ ငွေဖြုန်းရာအရပ်ပါ။
တက္ကစီငှားပြီး ဦးလေးအိမ်ကိုထွက်လာရာ ဦးလေးရှိလောက်တဲ့ ညပိုင်းမို့ သူအိမ်ထဲဝင်လိုက်သည်။ တိတ်ဆိတ်နေတာပဲ။
ညီမလေးကော။ ဘယ်ရောက်နေတာလဲ။ ဦးလေးအခန်းဆီကို။
"ဦးလေး...."
"ခွန်နောင်....မင်းပြန်လာတာလား"
"ဟုတ်တယ်ဦးလေး။ ကျွန်တော် ငွေနဲနဲပျက်သွားလို့"
"မင်းလုပ်တာနဲ့။ မင်းရဲ့အကြွေးတွေအတွက် မင်းညီမကို ပေးလိုက်ရပြီ"
ခွန်နောင်။ မျက်လုံးပြူးသွားသည်။ ဘယ်လိုဖြစ်သွားတာလဲ။
"မင်းကိုယုံမိလို့ ငါလောင်းကြေးတင်ခဲ့တာတွေ အဲ့တာတွေကြောင့် တိမ်ညိုကိုသူတို့လက်ထဲ ထည့်လိုက်ရပြီ"
သွားပါပြီ။ ဦးတင်ဝင်းက
"ဘယ်သူထင်လဲ။ တိမ်ညိုကိုဝယ်သွားတာ ဘယ်သူထင်လဲ။ ငါတို့ သေပြီလို့ထင်ထားတဲ့ ညဉ့်နက်ကဗျာပဲ"
"သူသေပြီလေ။ ဦးလေး။ ကျွန်တော်ကိုယ်တိုင်....."
"ဟူတ်တယ်။ တိမ်ညို။ မီးလောင်တဲ့ဂိုဒေါင်ရှေ့မှာ သတိလစ်သွားတဲ့ နေ့က ။ ရဲဖက်ကအတည်ပြုတာ အလောင်း၂လောင်းအထဲမှာတွေ့တယ်ဆိုတာလေ။ အဲ့တာအမှန်မဟုတ်ဘူး။ ညဉ့်နက်ကဗျာလွတ်သွားတယ်။ ငါတို့မသိလိုက်ဘူး။အဲ့အတွက်ကလဲ့ စားချေဖို့ တိမ်ညိုကိုသူရအောင်ယူသွားတာ"

YOU ARE READING
မချစ်တက်တာလား မချစ်ရဲတာလား မချစ်နိုင်တာလား (GL)
General Fictionတိမ်ညိုအမုန်းနဲ့ညဉ့်နက်ကဗျာတို့ရဲ့ဘဝဇာတ် ကြောင်း။ ငယ်ရွယ်စဉ်ကသံယောဇဉ်တပိုင်းတစ နောက်တချိန်ပြန်တွေ့တဲ့အချိန်မှာတော့........ Own Creation by me.