အပိုင်း(၅)

9.7K 469 6
                                    

"အမလေးငါ့သမီးလေးကံဆိုးချက်..
ခွေးကောင်..နင်ငါ့သမီးကို
သေချာမစောင့်​ရှောက်ဘူး
မလား..ဟမ်..."

"အာ..မေမေ..အဟင့်အဟင့်..
မေမေကိုး..သမီးလေအမေ့ကို
စတွေ့ကတည်းက..နှလုံးသားထဲကနေ
ရင်းနှီးနေတဲ့..ခံစားချက်ကိုရနေတာ.."

ပြောပြီး..ဖက်လိုက်တယ်..

#ဒီအဘွားကြီးက..ကျီးသိုက်ရဲ့..
အမေဘဲဖြစ်ရမယ်...
ကျီးသိုက်ရဲ့အမေဆိုတော့..
တော်တော်ကိုချမ်းသာမှာ..
ဟီးဟီး..ဒီခြေသလုံးကြီးကို..
အပီအပြင်ကိုဖက်ထားရမယ်..
ပြီးမှခြေသလုံးမှာရှိတဲ့..
ခြေသလုံးမွှေးတွေကို..
တစ်ပင်ခြင်းစီဆွဲနှုတ်ရမယ်..
ဝါးဟားဟား#

"အမလေး..သမီးလေးရယ်...."

အလွမ်းသယ်ပြီးသွားတော့..

"ဟယ်..ရှမ်းခေါက်ဆွဲ..
စားနေကြတာလား..မေမေ့ကိုလည်း
ကျွေးပါအုံး..."

"ဟုတ်ကဲ့မေမေ..
သမီးသွားပြင်လိုက်မယ်.."

ကျီးသိုက်ကြီးကတော့..

#ဟင်..ပြောတော့စားချင်ရင်..
ညထဲကကြိုမှာရမယ်ဆို...#

"ဒီမှာပါ..မေမေ..
သမီးကိုယ်တိုင်လုပ်ထားတာ.."

"ဟုတ်လား..ငါ့သမီးတော်တော်ကို
တော်လာတာဘဲ...ခွေးကောင်
တွေ့လား..မင်း..ငါ့သမီးလေးကို
ရတာကံကောင်းတယ်မှတ်..."

#ငါက..မွေးစားသားများလား
မသိဘူး...#

"အို..မဟုတ်တာ..မေမေကလည်း..
မေမေ့သားကိုရတာက..သမီးအတွက်ကံကောင်းတာပါ...ဒီမှာ..
ယောကျားအတွက်..ထမင်းဘူး..
ကုန်အောင်စားခဲ့နော်..."

ကျီးသိုက်ကြီး..ရင်ခုန်သွားတယ်..

#ဒီလိုကျတော့လည်း..
ချစ်ဖို့်ကောင်းသား...#

"အမလေး..
ငါ့ရှေ့မှာချစ်တတ်နေလိုက်တာ...
ထိန်းကြပါအုံး...ဒီမှာကလေးလည်း
ရှိသေးတယ်လေ...မင်းတို့ကတော့.."

============++++=======
Company ကိုရောက်တော့
ပြည့်စုံဦးက...

"ဟာ..ဘော့စ်
ထမင်းဘူးကြီးနဲ့ပါလား..."

ဝင့်ကြွားစွာနဲ့..ထမင်းဘူးကို
မြှောက်ပြီး..

"ဪ..ဒါလား..
ငါ့မိန်းမထည့်ပေးလိုက်တာ..
မင်းမှာရော..ထည့်ပေးမယ့်သူရှိလား.."

ငါနိုးလာတော့ငါ့exရဲ့မိန်းမဖြစ်နေတယ်😵😵(complete)Where stories live. Discover now