အပိုင်း(၈)

14.5K 356 2
                                    

"ချီးဘဲ..ငါကတော့..ကောင်ချောလေးထင်နေတာ..နိုးလာတော့..
ဒီခွေးသူတောင်းစားတဲ့လား..ဒီဖေ..”

မျက်နှာကခုနှစ်ခေါက်ချိုးရှစ်ခေါက်ချိုး
ဖြစ်နေတဲ့သိုးမည်း​လေးကိုကြည့်ပြီး..
ကုတင်ပေါ်ကိုတက်လိုက်တယ်..

"ဒါကဘာသဘောလဲ...
ကိုယ့်ကိုတာဝန်မယူချင်တာလား..."

"ဟမ်..."

မျက်နှာငယ်လေးနဲ့..

"ပြောလေ...အဟင့်...ကိုယ့်ကို
တာဝန်မယူချင်လို့မလား...ကိုယ်က
အားနည်းတဲ့ယောကျားသားလေး
တစ်ယောက်ပါ..အဟင့်..
မင်းလေးကညတုန်းက..
ကိုယ့်ကိုအတင်းအဓမ္မကျင့်ပြီး..
ခုမှငါမလုပ်ဘူးဆိုတဲ့သဘောလား..."

"ဘာ...ဘာပြောတယ်.."

ကြောင်တောင်တောင်​တွေဖြစ်​နေပြီ...

#ဒီကောင်အခုဘာဖြစ်​နေတာလဲ...
ရုတ်တရက်ကြီးအရှက်မရှိတော့ဘူး..
အရင်တုန်းကဆို...သူ့မယား
သူများလုသွားတဲ့ရုပ်ကြီးနဲ့...
အခုကြဘာဖြစ်တာလဲ...#

"အခု...ကိုယ့်ကိုအော်လိုက်တာလား..
ညတုန်းကကြတော့..သဲလေး..
ပူတူးတူးလေးဆို..ခုတော့...အဟင့်..
သိုးမည်းလေးမကောင်းဘူး...
ကိုယ်အခုပတ်ဝန်းကျင်ဆိုတဲ့..
စီစီတီဗီ ကြီးကို..
ကိုယ်ဘယ်လိုရင်ဆိုင်ရမှာလဲ..
ကိုယ့်ကိုကဲ့ရဲ့ကြတော့မှာ...
ဒီကောင်လေးရဲ့မိန်းမကသူ့ကို..
အဓမ္မကျင့်ပြီးပစ်သွားတာဆိုပြီး..
ပြောကြတော့မှာ..
ကိုယ်ဘယ်လိုနေရမှာလဲ..အဟင့်..."

"ဒီဖေ...ခွေးမသား...နင်တိတ်ရင်တိတ်..
မတိတ်ရင်တော့ကျွန်မရဲ့...
ပါးစပ်နဲ့တွေ့တော့မယ်နော်.."

"အင်း...ပြောကိုယ့်ကို...
တာဝန်ယူမှာလား..."

"ဒီဖေ....ဒီမှာတာဝန်လည်းမယူဘူး..
စောက်ဂရုလည်းမစိုက်ဘူး..
နားလည်လား...."

ပြောပြီး...စောင်ကြီးပတ်ကာ..
ရေချိုးခန်းထဲဝင်ဖို့လုပ်တုန်းရှိ​သေး....

"သိုးမည်းလေး..ရဲ့ဗိုက်ထဲကို..
ကိုယ့်ရဲ့မျိုးစေ့လေးတွေရောက်သွားပြီ
နောင်နှစ်လလောက်ဆို..ကလေးလေး
ပေါက်လာတော့မှာ..အဲ့အချိန်ကျရင်..
ကိုယ့်ကိုကလေးတစ်ယောက်နဲ့
ထားခဲ့တော့မို့လား...."

ငါနိုးလာတော့ငါ့exရဲ့မိန်းမဖြစ်နေတယ်😵😵(complete)Where stories live. Discover now