အပိုင်း(၆)

10.2K 446 3
                                    

အမေနဲ့သမီးလေးက..
ဂျပန်မှာအလုပ်ပြီးရင်..
တရုတ်ပါဝင်အုံးမယ်ဆိုတော့..
တစ်လလောက်တော့ကြာမယ်လို့
ဖုန်းဆက်ပြီးလှမ်းပြောတယ်..
အဲ့တော့အိမ်မှာကျွန်မနဲ့..
ကျီးသိုက်နဲ့နှစ်ယောက်ဘဲရှိတယ်..

"ချစ်ယောကျားကြီးရေ..
ရှင်တစ်ရက်နှစ်ရက်
တစ်လနီးပါးလောက်...
အလုပ်ကိုအိမ်မှာဘဲလုပ်လို့
မရဘူးလား..ဟင်....
မိန်းမတစ်ယောက်တည်း
နေရတာပျင်းလို့.."

သောက်လက်စလက်ဖက်ရည်တောင်..
သီးသွားတယ်..
သိုးမည်းလေးခေါ်တဲ့ပုံစံလေးက..
ဘာတဲ့ချစ်ယောကျားကြီးတဲ့..
ချိုမြိန်လိုက်တာ....ကျွန်တော်
တကယ်ကိုသူမကိုချစ်မိနေပြီ...
အခြားသူတွေကြားရင်တော့..
ယုံမှာမဟုတ်ဘူး...သူမ
ဆေးရုံကဆင်းလာပြီးမှ..
သူမကိုသဘောကျလာတာ..
အရင်ကသူမပုံစံကိုတော့
သဘောမကျဘူး..ဒီအတိုင်း
မပြောင်းလဲဘဲရှိစေချင်တယ်..
သူမသဘောကျလာအောင်လုပ်ဖို့
အင်တာနက်ကနေရှာထားတယ်..
ပထမဆုံးအချက်က..
သူမကိုနားလည်တဲ့
ပုံစံမျိုးကိုပြရမယ်တဲ့...

"ကိုယ့်အလုပ်​တွေက..
မပြီးသေးဘူး...
နောက်နှစ်ရက်သုံးရက်နေမှပြီးမှာ.."

"ဪ..အဲ့တော့..
ရှင်အိမ်မှာအလုပ်လုပ်လို့မရဘူးပေါ့"

"အင်း..နောက်...."

စကားတောင်မဆုံးသေးဘူး....

"ခဏလေး...ရှင်ကကျွန်မကို
ဒီမိန်းမကစာချုပ်ဇနီးပါကွာ..
အလေးထားစရာမလိုပါဘူး..
အဲ့လိုထင်တာမလား..ဟမ်.."

"မဟုတ်...."

"ရတယ်..ရတယ်..
ရှင့်ကိုကျွန်မဒီနေ့ကစပြီး..
ထမင်းချိုင့်လည်းမထုတ်ပေးတော့ဘူး
မနက်စာလည်းမပြင်ပေးဘူး..
ညနေစာလည်းမပြင်ပေးဘူး...
ရှင်းလား..ကျွန်မကလည်း..
I don't care ဘဲ...
do you understand
ကျီးသိုက်...ဟင့်"

ပြောပြီးဆတ်ခနဲထသွားတဲ့..
သူမကိုကြည့်ပြီး..
ဘာပြောလို့ပြောရမလဲကို..
မသိတော့ဘူး....
ကိုယ်ပြောချင်တာက..
ကိုယ်နှစ်ရက်သုံးရက်နေရင်
အားပြီလို့ပြောမလို့လေ..
သိုးမည်းလေးရဲ့....

အဲ့နေ့ကစပြီး..သူ့ကို
စကားလည်းမပြောတော့ဘူး..
ရှင်းရှင်းပြောရင်အဖတ်တောင်
မလုပ်တော့ဘူး...
အဲ့တာနဲ့..မိန်းမချော့နည်းဆိုပြီး..
ရှာလိုက်တယ်..အဲ့ထဲကအတိုင်း..
စိန်တစ်စင်စာဝယ်လာလိုက်တယ်
မိန်းမတွေကရွှေငွေတွေ
ကြိုက်ကြတယ်လေ..ကိုယ်ကတော့
ကိုယ့်မိန်းမကိုအဲ့လိုဈေးပေါတာတွေ
မပေးဘူး..စိန်မှစိန်ဘဲ...
(ဘာမှမဟုတ်ဘူး..ဂုဏ်စာနေတာ...)

ငါနိုးလာတော့ငါ့exရဲ့မိန်းမဖြစ်နေတယ်😵😵(complete)Where stories live. Discover now