ဇာတ်သိမ်းပိုင်း

10.2K 343 9
                                    

"သူမကိုချစ်တာက..
မပြောပြတတ်အောင်ဘဲ..
ငါ့ဘဝထက်ပိုချစ်တယ်..
ငါ့အသက်ထက်ပိုချစ်တယ်...
သူမကို..ငါ့ရဲ့ရင်ဘတ်ထဲကရော
နှလုံးသားထဲကရော...
အသွေးအသားထဲကပါ...
ချစ်မိနေတာ....သူမကို
ပျောက်ကွယ်သွားအောင်လုပ်မဲ့
ဘယ်သူကိုမဆို..ငါ
အလွတ်မပေးဘူး....”

"ဪ...သိလိုက်ပါပြီ...
ဖြူသိလိုက်ပါပြီ...ဖြူနားလည်ပါပြီ..
ဖြူမိုက်မဲခဲ့တာပါ...ဖြူဦးနေကို
မချစ်တော့ပါဘူး..
ဦးနေကိုမုန်းသွားပါပြီ...
ဒါပေမဲ့ဦးနေကိုမုန်းလို့မရတာကို
ပိုမုန်းမိတယ်...နောက်ဘဝကျရင်ဦးနေနဲ့ပြန်ဆုံချင်ပါတယ်...
အဲ့အခါကျရင်တော့်..ဦးနေကို
မချစ်တော့ပါဘူး..ဦးနေတို့လင်မယား
သာယာချမ်းမြေ့တဲ့ဘဝကိုရပါစေ.."

ပြောပြီးတာနဲ့..သိုးမွှေးဖြူက
လဲကျသွားတယ်...

"သိုးမည်းလေး!!!!...."

ခေါ်ပြီးပွေ့ချီလိုက်ကာ...
ကုတင်ပေါ်ကိုတင်ပေးလိုက်တယ်...
တအောင့်ကြာတော့..သိုးမည်းလေး
နိုးလာတယ်...

"ဝှါး..ငါအိပ်ပျော်သွားတာလား...
သိတောင်မသိလိုက်ဘူး...."

ဘေးကိုကြည့်လိုက်တော့မှ...

"ဟာ..ဖွတ်သိုက်...ဟုတ်သားဘဲ
ခွေးကောင်နင့်ကိုပြောစရာရှိတယ်..."

"ကိုယ်လည်းပြောစရာရှိတယ်..
ဒီတော့ကိုယ်အရင်ပြောမယ်..."

"ပြော..."

"နန်းရိုးဘုံလေးက..ကိုယ့်သမီး
အရင်းမဟုတ်ဘူး...ကိုယ်သူများဆီက
လုထားတာ..ခုတော့ကိုယ်နောင်တ
ရသွားပြီ...တစ်နေ့..ကိုယ့်ရဲ့
မိန်းမချောချောလေးကို
တစ်ယောက်ယောက်ကခိုးသွားမှာ
ကြောက်လို့ကိုယ်ဝန်ခံတာပါ..."

"အင်း..ဒီလိုဆိုတော့လဲ
လိမ္မာသား...ခွင့်လွှတ်တယ်..
မနက်ဖြန်ကျရင်..နန်းရိုးရာကိုလာခိုင်း
လိုက်မယ်..."

"အင်း...မိန်းမကအရမ်း
ချစ်ဖို့ကောင်းတာဘဲ..."

"သိရင်ပြီးတာဘဲ..."

==============
ဧည့်ခန်းထဲမှာ...နန်းရိုးရာတို့သားအမိနဲ့
ဖွတ်သိုက်တို့လင်မယား...
တွေ့နေကြတယ်....

"သမီးလေး...သမီးက
အကြောင်းစုံသိသွားပြီဆိုတော့...
ခုဟိုမေမေနောက်ပြန်လိုက်သွားမှာလား
မေမေနဲ့မနေခဲ့ဘူးလား..."

ငါနိုးလာတော့ငါ့exရဲ့မိန်းမဖြစ်နေတယ်😵😵(complete)Where stories live. Discover now