မနက် ၉ နာရီ က ကုမ္ပဏီဖွင့်တဲ့ အချိန်ဆိုပေမယ့် ဒီနေ့မှာ ထူးထူးခြားခြား မနက် ငါးနာရီ လောက်ကြီး နိုးနေတာကြောင့် ကုမ္ပဏီမှာ စစ်စရာ စာရင်းတွေလည်ူရှိတာကြောင့် ရေမိုးချိုးပြီး ကုမ္ပဏီကို ထွက်လာခဲ့သည်။
မနက်စောစောမို့ ကုမ္ပဏီမှာ လုံခြုံရေးကလွဲ ဘယ်သူမှ မရှိ၊ ကုမ္ပဏီ အကြီးကြီးထဲမှာ တစ်ယောက်ထဲ ဆိုတော့ ကြောက်ဖို့တော့ ကောင်းသည်။
နဂိုထဲကမှ သရဲကြောက်တက်တဲ့ ဟာ အဆောက်အဦး အကျယ်ကြီးထဲ တစ်ယောက်ထဲ ဖြစ်နေတော့ ပိုပြီးတော့တောင် ကြောက်စိတ်ကဝင်လာသေး။
ဒါပေမယ့်လည်း ဘာဖြစ်လဲ၊ body တောင့်ရဲ့ ဂျေးက လာခြောက်တဲ့ သရဲကို လက်သီးတစ်ချက်ကျွေးလိုက်မှာပေါ့။ ကြောက်စရာမလိုဘူး။
ဓာတ်လှေကားကို ရပ်ထားေသေးတာကြောင့် ရိုးရိုး လှေကား ကနေဘဲ တက်လာခဲ့သည်။
ဒုတိယထပ်လောက် အရောက်မှာ အပေါ်က လိုလို အောက်က လိုလိုနဲ့ တံခါးဆောင့်ပိတ်သံကို ကြားလိုက်ရသည်။
စိတ်ထင်တာဘဲ ဖြစ်မှာပါလေ ဆိုပြီး စိတ်ကို တင်းထားခဲ့ပေမယ့် အသံက ပိုပိုကျယ်လာပြီး ဆောင့်ပိတ်တဲ့ အကြိမ်အရေအတွက်က များလာတာကြောင့် တစ်ယောက်ယောက်ဘဲ ဖြစ်ဖြစ် သူ့အနားရှိနေရင် ကောင်းမယ်ဆိုပြီး မျက်လုံးစုံမှိတ်ကာ ဆုတောင်းနေတော့သည်။
ရုတ်တရက်ဆိုသလို နွေးကနည်း ခံစားလိုက်ရပြီ။ ဂျေးရဲ့ နားနှစ်ဖက်ကို လာအုပ်တဲ့ တစ်စုံတစ်ယောက်ရဲ့ လက်တစ်စုံ
မှိတ်ထားသည့် မျက်လုံးတွေကို ဖွင့်လိုက်တော့ သူ့အရှေ့က လူက ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
" ငြိမ်ငြိမ်လေးနေ ကြောက်နေတယ် မဟုတ်လား "
ဂျေးလည်း ကြောက်နေတဲ့ စိတ်တစ်ခုထဲကြောင့် ထိူသူရဲ့ အကျီကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားမိသည်။
အတန်ကြာတော့မှ ဂျေး သတိရလိုက်တာတစ်ခုက သူက ပတ်ဆောင်းဟွန်းဆိုတဲ့ ကောင်ရဲ့ ရင်ခွင်ထဲ ရောက်နေတာဘဲ။
ချက်ချင်းဆိုသလို တွန်းထုတ်လိုက်ပြီး ဘာမှမဖြစ်သလို နောက်တစ်ထပ်ကို ဆက်တက်လိုက်သည်။