9

413 18 0
                                    

ဂျေး ဒီနေ့တော့ကုမ္ပဏီကို မသွားဘဲ နေမကောင်းတဲ့ ဟွန်း ဘေးနားမှာဘဲ ‌စောင့်ရှောက်ပေးနေသည်။

လုပ်စရာအလုပ်တွေက ရှိသေးပေမယ့် တစ်ရက်တစ်လေလောက် မလုပ်ဘဲနေလိုက်တာကတော့ ဘာမှမဖြစ်လောက်ပါဘူးလေ ဆိုပြီး ဟွန်းကိုလည်း စောင့်ရှောက်ရင်း သူလည်းနားရင်းနဲ့ အိမ်မှာဘဲ နေဖြစ်လိုက်သည်။

တစ်ချို့ အရေးကြီးကိစ္စတွေကိုတော့ အကို ဟီဆွန်းကို လွဲအပ်ထားလိုက်သည်။

အခုလို အမြဲအကူအညီတောင်းတိုင်း လိုက်လုပ်ပေးတက်တဲ့ အကို့ကို အရမ်းအားနာမိသည်။ သူ့ဘက်က ဖြစ်ဖြစ်မြောက်မြောက် မချစ်ပေးနိုင်သေးဘူး။

ပွင့်ပွင့်လင်းလင်းသမားမို့ သူမချစ်ပေးနိုင်သေးကြောင်းကို ထုတ်ပြောပေမယ့် အကိုက အမြဲတစ်ခွန်းဘဲ ပြန်ပြောသည်။ " ကိုယ်က ဂျေးဘာလုပ်လုပ် ချစ်နေပေးမှာမို့ " စိတ်မပူနဲ့တဲ့ အားမနာနဲ့တဲ့  နောက်ဆူံးသူ့ဘေးနားက ထွက်သွားရင်တောင် ချစ်နေပေးမယ်တဲ့

ဒီလို သူ့အပေါ် မြတ်မြတ်နိုးနိုး ချစ်ပေးတဲ့သူကို သစ္စာမဖောက်ချင်သလို ထားလည်းမထားသွားချင်ဘူး။

အကိုနဲ့ လက်ထပ်မယ်ပြောခဲ့တာလည်း သူ့ဘက်ကဘဲ အကိုက သူဘာလုပ်လုပ် အကုန် ခေါင်းငြိမ့်ပေးခဲ့တာချည်းဘဲ။

ဝရံတာ ဘက်ကို ခုံလှည့်ထိုင်ရင်း တစ်ယောက်ထဲ အတွေးတွေများနေပုံရသည့် ဂျေးကို လှမ်းခေါ်လိုက်တော့ လှည့်ကြည့်လာသည်။

" ဘာလိုလို့လဲ "

" မင်း အပြင်သွားချင်သွားလေ ငါ့ကို စိတ်မပူနဲ့ "

" ဟင့်အင့် မသွားချင်လို့ ဒါပေမယ့် မင်းအတွက် ဆေးရုံမှာ ဆေးသွားယူရမယ် တစ်ယောက်ထဲ အဆင်ပြေပါ့မလား "

" ရတယ် ငါက ကလေးလား တစ်ခုခုဆို ဖုန်းရှိတာဘဲ လှမ်းဆက်လိုက်မယ် သွား ပြီးဆေးယူလိုက် မဟုတ်ရင်ည ဘက်သောက်စရာဆေးမရှိလို့ တစ်ညလု ငါ့ကို ပြုစုနေရအုန်းမယ် "

ဟွန်း ပြောတာလည်းဟုတ်သည်။ သူသွားမယူရင် နောက်ထပ်တစ်ည အိပ်ရေးပျက်အုန်းမည်။

" သေချာတယ်နော် သွားလို့ရတာ "

" အော် ရပါတယ်ဆို ငါ့ကောင်ရယ် သွားမယ့်သာ သွားစမ်းပါ "

M.I.N.EWhere stories live. Discover now