10

517 21 2
                                    

အချစ်ဆိုတာမှာ ပြိုင်ဆိုင်မှုတွေ ရှိလာတဲ့ အခိုက်အတန့်!

လူတစ်ယောက်ကို လူနှစ်ယောက်က ချစ်မိရင် ထိုလူနှစ်ယောက်ဟာ မပြိုင်ဆိုင်ချငိဘဲ ပြိုင်ဆိုင်ရသည်။ တစ်ချို့တွေမှာဆိုရင်တော့နှစ်ယောကိထဲက တစ်ယောက်က သူချစ်တဲ့ သူကို လက်လွတ်အဆုံးရှုံး ခံလိုက်သည်။

ထိုသို့သော လက်လွတ်ဆူံးရှုံးမှုမျိုးကို လုပ်နိုင်ပါ့မလား? ပြိုင်ဆိုင်မှုဆိုတာ ဖြစ်လာတဲ့ အခါ အနိုင်ရသူရှိလာပြီး ရှံူးတဲ့သူလည်း ရှိကိုရှိလာမှာ ဖြစ်သည်။ ဒါပေမယ့် ထိုပြိုင်ဆိုင်မှုမှာ ယှဉ်ပြိုင်သူ နှစ်ယောက်က သေရည်အနေအထားဖြစ်နေခဲ့မယ်ဆိုရင်ရော ? ကိစ္စတွေက ပိုပြီး နက်နဲကုန်မှာအမှန်ဖြစ်သည်။

" အီဟီဆွန်း ခဗျားစကားကို ကြည့်ပြော ပတ်ဂျေးကို ဘယ်သူမှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူး အာ... ဒီလိုပြောမယ်ဆိုရင်ရော ခင်ဗျား သူ့ကို ပိုင်ဆိုင်အောင်လုပ်ဖို့ ကျွန်တော်က အခွင့်အရေး မပေးခဲ့ဘူးဆိုရင်ရော ဒီအဓိပ္ပာယ်က ပိုပြည့်စုံသွားမယ်ထင်တယ် "

တင်းကြပ်စွာကိုင်ထားတဲ့ ဟီဆွန်းရဲ့လက်တွေကို ဆောင်းဟွန်း အားပါပါ ဖယ်ချလိုက်ပြီး ပုံပျက်သွားတဲ့ င်္အကျီကို သက်သက်ရပ်ရပ်ဖြစ်အောင် ပြန်ပြင်ကာ ထွက်သွားသည်။

အဖြစ်အပျက်တွေက မြန်ဆန်တာကြောင့် ဟီဆွန်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေမိသည်။ ဒါပေမယ့် သူအခု တွေးနေတာ တစ်ခုတည်းဖြစ်သည်။ ဂျေး အဆင်ပြေပါ့မလား။

ချက်ချင်း အခန်းထဲကို ဖြည်းဖြည်းချင်း ဝင်လာပြီး မီးဖိုချောင်ထဲကို သွားကြည့်တော့ ဂျေးက ထိုနေရာတွင် ရှိမနေခဲ့။ အိပ်ခန်းထဲကနေ တိုးညှင်းစွာ ထွက်လာသည့် ငိုရှိုက်သံကို ကြားလိုက်တာကြောင့် ဟီဆွန်းရဲ့ ခြေလှမ်းတွေဟာ အိပ်ခန်းဘက်သို့ ဦးတည်လာခဲ့သည်။

အဖြူရောင် စောင်ပုံအောက်ထဲ ရှိုက်ကာ ငိုနေသည့် ကလေးငယ်။ ကလေးငယ်ကို နှစ်သက်နိုင်ဖို့ စောင်ကို ဖယ်မယ်ကြိုးစားလိုက်ပေမယ့် အချည်းနှီးသာ..

" ဂျုံဆောင်း .. ကိုကို မင်းနားမှာ နေပေးမယ်နော် ရတယ် မှတ်လား "

You've reached the end of published parts.

⏰ Last updated: Aug 23, 2022 ⏰

Add this story to your Library to get notified about new parts!

M.I.N.EWhere stories live. Discover now