8

355 21 0
                                    

" ဂျေး... ဂျေး.. "

ရေဆာတာကြောင့် ဂျေးကို သာလှမ်းခေါ်ရသည်။ သူ့မှာ ကိုယ့်ဘာသာ ထထိုင်ဖို့တောင် မလုပ်နိုင်တာကြောင့် အကူအညီ လှမ်းတောင်းရသည်။

သူ့အသံဘဲ တိုးတာလား၊ အိမ်မှာဘဲ မရှိတာလား။

နောက်တစ်ကြိမ်ထက်ခေါ်သည်။

" ဂျေး.... ဂျေး... "

" လာပြီ ဘယ်လိုဖြစ်နေဝာာလဲ "

မီးဖိုခန်းထဲကနေ Apron နဲ့ထွက်လာတဲ့ ဂျေးရဲ့ပုံစံကို အသံထွက်အောင်ရယ်လိုက်မိသည်။

" ဘာရယ်တာလဲ "

" ဟ ဒီတိုင်း မဟုတ်ပါဘူး မိုက်လိူ့ပါ ငါ့ရဲ့ဂျေဂျေးလေးက "

" သေလိုက် ဘာလုပ်ချင်လို့လဲ "

" ရေဆာလိူ့ "

" နေအုန်း ယူပေးမယ် "








နောက်တစ်ခါပြန်ပြီး မီးဖိုခန်းထဲ ပြန်သွားသည့် ဂျေးကို ကြည့်ပြီး ဆောင်းဟွန်းနှုတ်ခမ်းကနေ အပြုံးတွေ ဆင်နေမိသည်။

နောက်တော့ ရေခွက်ကိုင်လာပြီး သူ့အနားလာထိုင်ပြီး ရေခွက်ကို ကမ်းပေးသည်။

ဂျေးကို မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး

" ငါမကိုင်နိုင်ဘူး ငါ့ကို တိုက် "

" ဟမ်!?? "

" မြန်မြန် "

" အော်..... အင်း "

ဆောင်းဟွန်းရဲ့ နှုတ်ခမ်းနားကို ဖန်ခွက်တေ့ကာ နောက်လက်တစ်ဖက်က မေးစေ့အောက်မှာ ခံပေးထားသည်။ ရေတွေ အကျီပေါ် ဖိတ်ကျရင်  နောက်ထပ်အပြင်းဖျားမှာ သူနောက်တစ်ခါတိုင်ပတ်နေမှဖြင့်

" အ!? ဘာလုပ်တာလဲ"

လက်ထဲက ဖန်ခွက်ကို ချက်ချင်းဆွဲယူလိုက်ပြီး ‌သူ့ရဲ့လက်ကို ရုတ်တရက်ကိုင်လိုက်သည့် ဆောင်းဟွန်းကြောင့် ကြောင်နေမိသည်။

ဂျေးရဲ့ လက်လေးကို ပါးပြင်နဲ့ထိစေပြီး နူးညံ့မှုတွေကို မျက်လုံးလေးမှိတ်ကာ ခံစားနေသည်။

" ဂျေး... မင်းရဲ့ လက်လေးတွေက အရင်အတိုင်းပဲနော် တချိန်က ငါပိုင်တဲ့ ဒီလက်ကလေးတွေကို အကို ဟီဆွန်းက သေချာစောင့်ရှောက်ရဲ့လား "

M.I.N.EWhere stories live. Discover now