4

311 22 0
                                    

အန်တီ ဟို.... "

" ဘာကိုအန်တီလဲ "

ဂျေးရဲ့အမေလှမ်းအော်လိုက်တာကြောင့် လူက တုန်တက်ပြီး လန့်သွားသည်။ သူပြောတဲ့စကားမှာများ အမှားပါသွားလိူ့လားဆိုပြီး တွေးနေပေမယ့် " အန်တီ " ဆိုတာကလွဲပြီး ဘာမှ မပြောရတာ  ဘာကို ဒေါသထွက်သွားမှန်း မသိချေ။

အခြေအနေမဟန်လောက်ဘူးထင်တာကြောင့် တံခါးဝကနေ အိမ်ထဲဝင်မလာတော့ဘဲ နောက်ကို လှည့်ပြန်မယ်အလုပ်...

" ဘယ်သွားမလိူ့တုန်း အိမ်ထဲဝင် "

ရင့်ရင့်သီးသီးပြောလာသည့် ဂျေးရဲ့အမေကြောင့် ဘာမှမတက်နိုင်ဘဲ အိမ်ထဲဝင်ထိုင်နေလိုက်ရသည်။

သူ့ကို ဧည့်ခန်းမှာထိုင်ထားခိုငိးပြီး မီးဖိုချောင်ထဲ ဝင်သွားသည့် ဂျေးရဲ့အမေကို နည်းနည်းတော့လိုက်ချောငိးမိသေး။ သူ့ကိုကျွေးမယ့်ထဲ အဆိပ်များ ထည့်လိုက်မလားဆိုပြီး။

ခဏကြာတော့ လိမ္မော်ရည်တစ်ခွက်နဲ့ ပြန်ရောက်လာသည်။

" ဒါကိုသောက် "

ဆောင်းဟွန်းမှာလည်း သောက်သာသောက်နေရတာ စိတ်ကသိပ်လုံတာမဟုတ်။ တစ်ခါမှ သူ့ကို ဒီလိုရင့်ရင့်သီးသီ မပြောတက်တဲ့ ဂျေးရဲ့အမေက ဒီလိုကြီး ရုတ်တရက်ကြီးပြောင်းလဲသွားတာကြောင့် လန့်နေမိသည်။

" ဂျေးနဲ့ ဘယ်လိုနေလဲ "

" ဗျ...ဗျာ.... အဟွန်း... အဆင်.. အဆင်ပြေပါတယ် "

" ဖြေးဖြေးသောက်လေ သားရယ် "

ရုတ်တရကိဆိုသလို ပြန်ပျော့သွားသည့် လေသံကြောင့် နည်းနည်းတော့စိတ်သက်သာယာရသွားသည်။

" အန်တီ ကျွန်တော့ကို ဘာများမကြိုက်တာများ ရှိလို့.... "

" ရှိတယ်... "

" အဲ့..အဲ့တာက ဘာလဲ ပြောပြပေးလို့ရမလား "

" အန်တီလို့ခေါ‌်နေတာကို မကြိုက်တာဟေ့ အမေလို့ခေါ်ပါလို့ ဘယ်နှခါ ပြောရမလဲ "

တကယ်ကို ချစ်စရာကြီးပါ ဂျေးရဲ့မေမေက

ခဏလေးသတိလွတ်ပြီး အန်တီလို့ခေါ်လိုက်မိတာ စိတ်ဆိုးသွားပါသတဲ့ မအေတူ သားလေးလည်း ဒီလိုစိတ်ဆိုးရင် ချစ်စရာလေးဖြစ်ဖြစ်သွားတာလေးက အမေ့ဆီက အမွေရထားတာ ဖြစ်မည်။

M.I.N.EWhere stories live. Discover now