5

302 22 1
                                    

" ပြန်ရောက်ပါပြီ "

မီးဖိုချောင်ထဲကနေ သားဖြစ်သူအသံကြားကြောင့် အိမ်ရှေ့ကို အလျင်အမြန်ထွက်ပြီး ကုမ္ပဏီ အလုပ်တွေနဲပ ပင်ပန်းနေတဲ့ သားကို အပြုံးတွေနဲ့ ထွက်ကြိုသည်။

" အပေါ်မှာ သားရဲ့ဧည့်သည်ရောက်နေတယ် သွားစကားပြောချေအုန်း ပြီးရင် ရေချိုးပြီးနှစ်ယောက်လုံး ဆင်းလာခဲ့ ထမင်းစားမယ် "

" ဟုတ်ကဲ့ပါဗျာ သားရဲ့ နတ်သမီးလေး "

အမေဖြစ်သူကို နတ်သမီးလေးကို ခေါ်နေတာ ဟိုငယ်ငယ်ထဲကပါပဲ။ ဂျေးအတွက် အဖေက စည်းကမ်းတင်းကြပ်ပြီး စနစ်ကျတဲ့သူဆိုပေမယ့် အမေကတော့ နူးညံ့ပြီးအေးချမ်းရာနေရာလေး ကောင်းကင်ပေါ်က ပြုတ်ကျလာသည့် နတ်သမီးလေးလို ‌တင်စားပြီး အမြဲကို ခေါ်ဖြစ်သည်။

အခန်းထဲမှာ ရှိနေတဲ့ ဧည့်သည်? ဧည့်သည်ဆို ဧည့်ခန်းမှာဘဲ စောင့်နေရမှာမဟုတ်လား။

အခန်းတံခါးကို ဖွင့်လိုက်ရင် လက်ကိုင်ကို လှမ်းလိုက်သည့် အချိန် အခန်းတံခါးဟာ ပွင့်လာပြီး အခန်းထဲ ဆောင့်ဆွဲခံလိုက်ရသည်။

ဝုန်း!!!

တံခါးပိတ်သံနဲ့ အတူ တံခါးနဲ့ကျောပြင်တို့ တစ်သားထဲကျသွားသည်။

နောက်ပြီး အရှေ့မှာတော့ သူ့ကို ပိတ်ရပ်နေသည့် လူတစ်ယောက်

မော့ကြည့်လိုက်တော့ နီးကပ်စွာရှိနေသည့် မျက်နှာတစ်ခု၊ ဆံနွယ်အနက်ရောင်တွေက သူ့ရဲ့မျက်နှာပေါ် ပြေးလိုက် ၊နှာတံက မှဲ့နက်လေးကလည်း ထိုလူရဲ့ ဆွဲဆောင်မှုတစ်ခုလို ဖြစ်နေသည်။

" ဂျေး ........ ပြန်ရောက်ပြီလား "

ရိုးရိုးတန်းတန်း ပြောတာမဟုတ်ဘဲ၊ နားနားကို ကပ်ကာ လေသံနဲ့ ပြောတာကြောင့် ဂျေး တစ်ကိုယ်လုံးတုန်တက်သွားရသည်။

" ဖယ်စမ်းပါ "

‌ဆောင်းဟွန်းကို တွန်းထုတ်ပေမယ့် တွန်းထုတ်သည့် သူ့ရဲ့လက်တွေကို ပြန်ပြီးဖမ်းချုပ်ချင်းခံလိုက်ရသည်။

" ငြိမ်ငြိမ်နေ မရုန်းနဲ့ "

" အခု ငါနဲ့ လိုက်ခဲ့ အမေ့ဆီမှာ ခွင့်တောင်းပြီးပြီ "

M.I.N.EWhere stories live. Discover now