Ep 1

877 126 28
                                    

မနက်ဖြန်ဆိုရင် ကျွန်တော်တို့
ထွက်ပြေးကြတော့မယ်...။

306 မိုင်ကွာတဲ့ခရီးကို အသက်နဲ့ရင်းပြီး
​နှင်ကြရမှာမို့ တည်တည်ငြိမ်ငြိမ်နဲ့ လိုအပ်တာတွေ
ပြင်ဆင်နေကြသော်လည်း ရင်ထဲမှာတော့
ကဆုန်ပေါက်နေကြတာ ...။

ထယ်ယောင်း အဝတ်တွေထည့်နေရင်း
ဘေးကိုကြည့်မိတော့ စားစရာတွေထုပ်နေတဲ့
Hyung ရဲ့ လက်ကလေးတွေဟာ တုန်ရီနေတာကို
မြင်လိုက်ရသည် .....၊

သက်ပြင်းခပ်ဖွဖွချလိုက်ရင်း လက်လေးကို
ဆုပ်ကိုင်လိုက်တော့ လက်ဖျားလေးတွေ
အေးစက်နေတဲ့အပြင် ချွေးစေးတွေပါ ထွက်နေသည်။

"Hyung " လို့ ခေါ်လိုက်တော့

စိတ်ပူနေတဲ့မျက်လုံးတွေနဲ့ ကြည့်လာခဲ့ပြီး

"ငယ် ဘာမှမဖြစ်လောက်ပါဘူးနော်" တဲ့ ...။

"Hyung က ကိုယ့်ကို စိတ်ပူနေတာလား
အတူရှိနေတာပဲကို ကိုယ်က ဘာဖြစ်ရမှာလဲ ?"

"အဲ့လို အတူရှိနေလျက်သားနဲ့ ငယ့်ကို
မကာကွယ်လိုက်နိုင်မှာကို ပူနေရတာ ......"

"မဟုတ်တာပဲ Hyung ရယ်
မကောင်းတာတွေ မတွေးရဘူးလေ
အရာအားလုံး အဆင်ပြေသွားမှာပါ ... နော်"

သက်ပြင်းချလိုက်ပြီး ရင်ခွင်ထဲဝင်လာတဲ့ Hyung ကို
အလိုက်သင့်လေး ဖက်ထားလိုက်ပြီး
​ဆံပင်ပျော့ပျော့လေးကို ခပ်ဖွဖွ ငုံ့နမ်းလိုက်သည် ...။

​​ရေချိုးပြီးစ Hyung ရဲ့ ဆပ်ပြာကြမ်းနံ့လေးကိုတောင်
ကျွန်တော့်မှာ ရင်တွေခုန်လိုက်ရတာဗျာ ~

---------------------------------------------

သိမ်းစရာရှိတာ သိမ်းဆည်းပြီးတဲ့နောက်မှာတော့
မနက်ဖြန်ညအတွက် ကြိုရင်ခုန်ရင်း
အိပ်ယာဝင်ခဲ့သော်လည်း နှစ်ယောက်လုံး မအိပ်နိုင် ။

ဒီလိုနဲ့ မီးတွေမှိတ်ပြီး ပြတင်းတံခါးဖွင့်လိုက်သည်၊
စောင်ပါးလေးခြုံကာ Hyung ကို ရင်ခွင်ထဲထည့်ရင်း
ကြယ်တွေကို ထိုင်ကြည့်နေလိုက်သည် ....။

"ငယ် ကိုယ့်ကို ကတိပေးစမ်းပါ"

"ဘာများလဲ Hyung ရဲ့ "

ရင်ခွင်ထဲက တိုးထွက်လိုက်ကာ
ငယ့်မျက်လုံးတွေထဲကို စိုက်ကြည့်လိုက်ရင်း

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now