Ep 20 (part 2)

173 32 6
                                    

"မင်းပြောစရာရှိတာကို ပြောလို့ပြီးပြီး မပြီးပြီး
ဒီကနေ ထွက်သွားလိုက်ပါတော့ ...
သည်းခံတယ်ဆိုတာလည်း အတိုင်းအတာရှိတယ်
စပြီး လွန်ကျူးခဲ့တာ မင်းဘက်က လူပါ ...
ကိုယ်တရားမစွဲတာကိုပဲ မင်းကျေးဇူးတင်သင့်တယ်"

ကုတင်ပေါ်က ဖြူဖျော့ဖျော့ရုပ်နဲ့ လူက
ကိုယ့်ရဲ့ဂင်ဂိုရွက်ကလေးကို ရစရာမရှိအောင်
ဆွဲထိုးခဲ့ပြီး ကိုယ်ကဒေါသထွက်မိတဲ့အခါကျတော့
သူ့ယောကျာ်းက ကိုယ့်ကို အမှိုက်သရိုက်လို
နှိမ်ချမောင်းထုတ်တာကို ခံရပြန်တယ်။

မင်ဆူးရှိနေတဲ့အခန်းကို ပြန်တဲ့အခါ
လှမ်းလိုက်သမျှ ခြေတစ်လှမ်းချင်းစီတိုင်းမှာ
အရှက်တရားဟာ အကြောအခြင်တွေထဲအထိ
စီးဝင်သွားသလို ခံစားနေခဲ့ရတာ။
လူတွေအားလုံးက ကိုယ့်ကိုဝိုင်းကြည့်ပြီးတော့
ကဲ့ရဲ့နေသလိုမျိုး တစ်ကိုယ်လုံး ပူနွေးလာ​ကာ
​အမြင်တွေပါ ဝေဝါးလာခဲ့တာ ...။

မငိုနဲ့ လီနာ ....။ လုံးဝ မငိုနဲ့ ....။
ဒီနေရာမှာ ငိုလိုက်ရင် ပိုပြီးအရှက်ကွဲရလိမ့်မယ်။

လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားကာ
အခန်းထဲရောက်မှ အရုပ်ကြိုးပြတ်ထိုင်ချလိုက်ပြီး
ငိုဖို့ အားယူရတယ် ။

ဒီလောက်လေးနဲ့ငိုရသလား လို့ မေးရင်လည်း
အင်း လို့ပဲ ဖြေရလိမ့်မယ်။ ဒီရက်ပိုင်းမှာ
ဘာကြောင့်မှန်းမသိ အားတွေရှိမနေ။ ဘာပဲမြင်မြင်
လူက ချုံးပွဲချငိုပစ်ချင်တဲ့အထိ အားငယ်နေသည်။

ဆေးရုံအခန်းရဲ့အလယ်ခေါင် ကြမ်းပြင်ပေါ်မှာ
ဖြစ်သလိုထိုင်ချပြီး အော်ငိုရတဲ့အဖြစ်သည်
ဘဝမှာ ပထမဆုံးပဲဖြစ်လိမ့်မည်။
ဒီဘဝတော့ ဖြစ်ချင်ရာဖြစ်ပါစေတော့ရယ်လို့
စိတ်ဒုန်းဒုန်းချကာ စိတ်လျှော့ပစ်လိုက်တာဆိုလည်း
ဟုတ်သည်။

"မငိုပါနဲ့ ... တောင်းပန်ပါတယ်"

"နိုးနေတာလား "

"မငိုနဲ့တော့လို့ ...အဲ့ဒီပုံစံနဲ့ မလိုက်ဘူး"

"ဘာသွားလုပ်ခဲ့တာလဲ"

"နမ်းလိုက်တာ ... နှုတ်ခမ်းကို ..."

ရှုံးစမ်း လီနာ။ နင်အဲ့ဒီနားမှာ သွေးပွက်ပွက်အန်ပြီး
သေမတတ်ရှုံးပစ်လိုက်စမ်း လို့ ဦးနှောက်နဲ့ မာနက
ကိုယ့်ကို လှောင်ပြောင်လာသည်။
တရားတွေလည်း ကျပါရဲ့။ ပညာတွေလည်း ရပါရဲ့။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now