Ep - 15

237 44 4
                                    

မနေ့က သတင်းသိရပြီးပြီးချင်း သွားချင်ပေမယ့်
လီနာ့အမိန့်ကြောင့် တစ်နေ့လုံးအိမ်မှာပဲ
ကြိတ်မှိတ်ပြီး နေလိုက်ရတာမို့ ဒီနေ့တော့
ပန်းဆိုင်ကို အစောကြီး ထသွားတော့မည်။

မဖွင့်သေးလည်း ကားပေါ်မှ ထိုင်စောင့်နေလိုက်မှာပေါ့...။

ဘာဝတ်ရင်ကောင်းမလဲလို့တွေးတော့
ဆွယ်တာတွေထက် ပိုကောင်းတဲ့ ရွေးချယ်မှုက
ထွက်မလာ ...၊
ဒါပေမဲ့ ဝတ်လို့မဖြစ်ဘူးလေ ၊
အလုပ်ကိစ္စပြောရဦးမှာမလား ?

နီးစပ်ရာ ရှပ်အင်္ကျီအဖြူတစ်ထည်ကို
စတိုင်ပန်အနက်နဲ့ တွဲဝတ်လိုက်ပြီး
ကုတ်အင်္ကျီတစ်ထည်ဆွဲယူကာ ရေမွှေးစွတ်ပြီး
ဆိုင်ကို တန်းထွက်လာလိုက်တော့သည်။

ဘာပန်းတွေ သုံးရင် ကောင်းမလဲ ?
ဒေစီတွေပဲ သုံးရမလား? နှင်းဆီလား ?
အို ဘာပန်းပဲဖြစ်ဖြစ် နေခြည်ငယ့်စိတ်တိုင်းကျပဲ
လုပ်ပါစေ ...၊
အဓိကက သူလုပ်ပေးတာ ဖြစ်ဖို့ပဲ လိုတာ ...။

ထင်တဲ့အတိုင်းပဲ ။
ဆိုင်ကမဖွင့်သေးသလို နေခြည်ငယ်တို့
ရောက်ကြသေးပုံတောင် မပေါ်ဘူး၊
ရပါတယ် စောင့်တာပေါ့ ...။

              ___________________

"ဆော့ကီ "

"ဗျ "

"ဒီနေ့လည်း ဆိုင်ကို လမ်းလျှောက်ကြမယ်နော်
ကိုယ်လုပ်စရာလေးရှိလို့ ..."

"အင်း ငယ့်သဘောလေ "

အရင်ဘဝက ဆော့ကီကို
ကျွန်တော်ဘယ်လောက်ထိ လွှမ်းမိုးခဲ့မိလဲမသိ၊
အခုဆို ဆော့ကီပြောသမျှ စကားလုံးတိုင်းက
ကျွန်တော့်ကို သွေးနားထင်ရောက်စေတာချည်းပဲ။

ပိုင်ဆိုင်တာ သူ့အပြင် မရှိလို့နဲ့ တူပါရဲ့ ...။

ငယ်ကလုပ်စရာရှိတယ်ပြောပေမယ့်
အခုဆိုင်ကိုပဲရောက်တော့မယ်၊
ဘာဆိုဘာမှသွားလုပ်တာလည်း မတွေ့၊
သူမေ့များ မေ့နေတာလားမသိ။

"ငယ် လုပ်စရာရှိတယ်ဆို မလုပ်ဘူးလား?"

"အာ မေ့နေတာ ..."

သတိပေးလိုက်ခါမှ ရုတ်တရက် ဘာထလုပ်မှန်းမသိ၊
အနောက်ကနေ အတင်းလိုက်ကပ်ပြီးတော့
ခုန်ဆွ ခုန်ဆွနဲ့ ကပ်လျှောက်နေတော့တာ၊

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now