Ep 23

179 33 3
                                    

ဘာလို့အလောတကြီးထွက်လာရသလဲ လို့ မေးရင်
ရက်ပိုင်းလောက်သာ ငယ့်အနားထပ်နေရင်
ဖြစ်သင့်တာကို မရွေးချယ်နိုင်တော့မှာစိုးလို့ လို့
ဖြေရမှာပဲ ။

ဘဝထဲကို ငယ်ပြန်‌ရောက်လာပြီးတဲ့နေ့ရက်တွေထဲ
ကိုယ်က အရင်နိုးနေခဲ့တာ ဒီတစ်နေ့ပဲ ရှိလိမ့်မယ်။

စိတ်ချလက်ချ ကလေးငယ်‌တစ်ယောက်လို
အပူအပင်ကင်းကင်းအိပ်နေတဲ့ ငယ့်ကိုကြည့်ရင်း
ထားမသွားချင်တဲ့စိတ်တွေပဲ ကြီးစိုးလာပြန်တယ်။
ငါမရှိရင် သူဘယ်လိုနေပါ့မလဲ လို့ တွေးမိတော့
အစတည်းက နောက်ဆံတင်းနေခဲ့တဲ့စိတ်တွေက
ဘယ်လိုမှ စိတ်ချလက်ချမထားခဲ့နိုင်တော့။

အမြဲတမ်း ကိုယ့်ကို နမ်းရှုံ့ပြီးမှ အိပ်ယာထတဲ့
ငယ့်ရဲ့ မနက်ခင်းတွေဟာ ကိုယ်မရှိတဲ့အခါ
ဘယ်လိုများဖြစ်မှာလဲလို့ တွေးမိတော့လည်း
ချုံးပွဲချပြီး ထိုင်ငိုလိုက်ချင်‌စိတ်ဟာ တားမရ ဆီးမရ။

ငယ့်ရဲ့ ခေါင်းကို အသာဆွဲမပြီး ဖိအိပ်ထားတဲ့
လက်မောင်းကို အသာပြန်ဆွဲထုတ်ပေးကာ
ခေါင်းအုံးထည့်ပေးရင်းနဲ့ နောက်ရက်တွေကျရင် လက်မောင်းကိုဖိပြီးအိပ်‌တတ်တဲ့ ငယ့်ကို
ဘယ်သူက အနေအထားပြင်ပေးမှာလဲ လို့
တွေးမိသွားပြန်သည်။

"လက်မောင်းကို တစ်ညလုံး ဖိပြီးအုံးအိပ်တာမျိုး
ဆက်လုပ်နေရင် သူ့လက်တွေ သွေးမလျှောက်လို့
နာ‌ကုန်တော့မှာပဲ ...."

ချစ်ခြင်းတရားဟာ အသေးစိတ်ကအစ
ပူပန်ရခြင်းလို့ပဲ ဖြေရပါလိမ့်မယ်။
အချိန်တစ်ခုအထိ အတူမရှိရတော့ဘူး ဆိုတဲ့အသိမှာ ငါးစားတဲ့အခါ အရိုးမနွှင်တတ်တာမျိုးက စလို့
ကော်ဖီဖျော်တိုင်း အပူလောင်တတ်တာတို့အထိ၊
ညအိပ်တိုင်း လက်မောင်းကို ဖိအိပ်လို့
မိုးလင်းရင် လက်နာတတ်တာအဆုံး ကိုယ့်မှာ
တစ်ခုချင်းစီတွေးရင်း ပူပန်လာရတော့တာပါပဲ။

မနက်စာကို တစ်ယောက်စာပဲ လှမ်းမှာရတဲ့အခါ
နှလုံးသားက မသိမသာ ဆစ်ခနဲ နာသွားသေးတယ်။
ဘယ်နေရာကိုကြည့်ကြည့် နှစ်ယောက်တည်းရှိခဲ့တဲ့
နေ့ရက်တွေမှာပဲ နေသားကျနေခဲ့တာမလား။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now