Ep - 21

215 38 1
                                    

ဆေးရုံခုံတန်းပေါ်မှာ အားရအောင် ငိုလိုက်ပြီးမှ
သန့်စင်ခန်းမှာ မျက်နှာသွားသစ်လိုက်ပြီး
ညစာပါ တစ်ခါတည်း သွားဝယ်ကာ အပြင်မှာ
ခဏအချိန်ဖြုန်းပြီး ငယ့်အခန်းသို့ ပြန်သွားခဲ့သည်။

ဒီလိုမှ မဟုတ်ရင် အရိပ်အကဲမြန်တဲ့ကလေးငယ်က
ကိုယ်ငိုထားခဲ့တာကို ချက်ချင်းရိပ်မိသွားမှာ ...။

တကယ်တော့ အရိပ်အကဲမြန်တယ်ဆိုတာထက်
ကိုယ့်မျက်နှာကို အရိပ်လို ကြည့်နေခဲ့တာဆိုရင်
ပိုမှန်လိမ့်မည်။

သိပ်ချစ်တတ်သော ကလေးငယ်သည်
ကိုယ့်မျက်နှာတစ်ချက်ပြောင်းတာနဲ့ ဘာလိုအပ်မှန်း
တန်းသိကာ လိုလေသေးမရှိ ဂရုစိုက်ခဲ့တာ။

သိပ်ချစ်ပါတဲ့‌အကြောင်းကို ကိုယ့်မျက်နှာကို
ကြည့်လိုက်တဲ့ အချိန်တိုင်းမှာ တဖွဖွ ရွတ်ဆိုပြခဲ့ပြီး
ထိုစကားမှာ အလိမ်အညာမပါကြောင်းကိုလည်း
စက္ကန့်တိုင်းမှာ အပြုအမူ၊ အကြည့်တွေနဲ့
အရိုးရှင်းဆုံး သက်သေပြခဲ့တာ ။

အတူတူသာ ရှိနေရင် အိပ်မက်ဆိုးတွေလည်း
နှစ်ယောက်ကြားကို ဝင်ရောက်မလာနိုင်ခဲ့သလို
ဘယ်လိုနာကျင်စရာမျိုးမှ မရှိခဲ့။
လက်နဲ့ထိသမျှ နေရာတိုင်းမှာ ပန်းတွေ ပွင့်‌ခဲ့တာ ။

ဆေးရုံအခန်းစီကို ခြေတစ်ချက်လှမ်းတိုင်း
အမှတ်တရတစ်ခုကို ပြန်တွေးမိကာ
မထားခဲ့ချင်သောစိတ်ကသာ ဖိစီးပြီးရင်း ဖိစီးလာခဲ့သည်‌။

သူမရှိပဲ နေနိုင်မည်မထင်။
ကိုယ်မရှိပဲနဲ့လည်း သူဖြစ်မှာမဟုတ်။
ဒီလို‌ဆိုပြီး ခေါင်းမာမာနဲ့ ရင်ဆိုင်ရအောင်လည်း
ပြိုင်ဘက်က တရားဥပဒေကို အိတ်ထဲထည့်ထားနိုင်သော
အင်အားကြီးလူသား။ ပြီးတော့ အရူး။

ဆေးရုံအခန်းတံခါးကို ဆွဲမဖွင့်သေးပဲ
မှန်ပြတင်းလေးကနေတဆင့် အထဲကို ကြည့်တော့
ချန်းလေးနဲ့ စနောက်နေတဲ့ ငယ်ဟာ တကယ့်ကို
အပူအပင်ကင်းနေတဲ့ ကြည်လင်မှုကလေး။

မျက်ဝန်းညိုတွေကို စိုက်ငေးလိုက်တာနဲ့
တစ်လောကလုံးကို မေ့သွားစေတဲ့ ခပ်နွေးနွေး
ကော်ဖီတစ်ခွက်လိုမျိုး ချိုရှလုံခြုံစေတဲ့
ကိုယ့်ရဲ့ အညိုရောင်ကလေး။

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now