Ep 2

614 121 16
                                    

2021 ခုနှစ်၊
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ ။

နှစ်ပေါင်း  70 ကြာခဲ့ပြီ ....

နှလုံးသွေးနဲ့ ရင်းခဲ့တဲ့ ဆုတောင်းတွေက
အားပြင်းလွန်းရကာ ကျိန်စာဆန်သွားခဲ့တဲ့အခါ
သူ့မှာ မသေနိုင်ပဲ ခုထိ ဖြစ်တည်နေရတာ ...။

နယ်ခြားမျဉ်းအကျော်က သွေးအိုင်ထဲကနေ
အကောင်းပကတိ ပြန်နိုးထလာခဲ့တာ .......။

ဘာတွေဖြစ်နေတယ် ဆိုတာ တွေးလို့မရခင်မှာပဲ
အကြိမ်ကြိမ် အပစ်ခံလိုက်ရ
ထွက်ပြေးပြန်တော့လည်း ရေနစ်လိုက်ရ
​သားရိုင်းကိုက်လိုက် မြွေပေါက်လိုက်နဲ့

တကယ်ကြီးကို အကြိမ်ကြိမ် သေခဲ့ပြီးမှ
​ဒီဘက်နိုင်ငံကို သူရောက်လာခဲ့တာ .....။

တစ်နှစ်ထက် တစ်နှစ် ၊
မှတ်ဉာဏ်တွေ တဖြည်းဖြည်း ပျောက်ဆုံးလာတယ် ။

နှစ်ပေါင်း ၇၀ ရဲ့ ပထမဆုံးရက်တုန်းကတော့
ကျွန်တော်စောင့်နေတဲ့သူကို သေချာသိခဲ့ပေမယ့်
အခုတော့ ကျွန်တော့်နာမည်ကလွဲရင်
ဘာကိုမှ မမှတ်မိတော့ဘူး ....။

အိပ်မက်တွေထဲမှာ ညတိုင်း ကြားရတဲ့ အသံတွေ
ပြီးတော့ ကျွန်တော့်ကို လက်ထပ်ဖို့ပြောနေတဲ့
ကောင်လေး ....

ပြန်တွေ့ကြမယ် ဆိုတဲ့ စကားတွေ ......

ဒီလို အဆက်အစပ်မရှိတဲ့ အိပ်မက်တွေ မက်ပြီးတိုင်း
ရင်တစ်ခုလုံး တင်းကြပ်ပြီး လန့်နိုးတဲ့ညတွေတိုင်းမှာ
ဘယ်ဘက်ရင်အုံကို ဖိပြီး ချုံးပွဲချငိုခဲ့ရတာက လွဲရင်
ကျွန်တော်ဟာ ဘာတစ်ခုကိုမှ မှတ်မိမနေခဲ့ ....။

ဒါပေမယ့် ကျွန်တော်စောင့်နေတုန်းပဲ ......။

---------------------------------------------

2021 ခုနှစ်၊
​ဖြောင်းယန်းမြို့၊ မြောက်ကိုရီးယားနိုင်ငံ ။

"ငယ်ကတော့ သေချာပေါက် လွတ်မြောက်ရမယ်နော်"

"ကိုယ့်ခင်ပွန်းက ငယ်ပါပဲ"

"ငယ်သာပါရင် ကမ္ဘာတစ်ဆုံးပဲ"

"အသက်ရှူသံတွေ အတူချုပ်ငြိမ်းခွင့်ရတဲ့အထိ"

"ဒီစိတ်ဝိဉာဉ်တွေ ရှင်သန်နေသမျှ ကာလပတ်လုံး"

ဖျတ်ခနဲ လန့်နိုးလာပြီး ထထိုင်လိုက်မိတယ် ....၊

နယ်နိမိတ်စည်းတွေကို ကျော်လွန်၍ (Over the Boundaries)Where stories live. Discover now