1

768 70 0
                                    

[ Zawgyi ]

ကျောင်းကြီးရှေ့၌ မလှုပ်မယှက်ရပ်ကာ
တွေတွေလေးငေးကြည့်နေသော 16 နှစ်အရွယ်ကောင်လေးတစ်ယောက်

ကြီးမားခန့်ညားသောကျောင်းကြီးရှေ့ထယ်ယောင်းရပ်ကာသက်ပြင်းချမိသည်
နန်းတော်မျှကြီးမားလွန်းသောကြောင့်ကိုယ့်ကိုယ်ကိုပင်သိမ်ငယ်သွားသလိုပင်

ထယ်ယောင်းအဖို့ဒီလိုကျောင်းမျိုးတတ်နိုင်ဖို့ဆိုသည်မှာအိပ်မက်ထဲတောင်မဖြစ်နိုင်ပါ
သို့သော်အိပ်မက်မဟုတ်ဘဲတကယ်ဖြစ်လာသည်

ကျောင်းဝန်းအတွင်းကားများကအစဉ်လိုက်နေရာယူထားကြသည်

ကားသမားဖြစ်ဟန်သူများက ကားတံခါးကိုဆင်းဖွင့်ပေးချိန်ကျောင်းဝတ်စုံနှင့်ကျောင်းသားများကကဆင်းလာကြသည်

ချမ်းသာသည့်သူများဆိုတော့ဒါရိုက်ဘာနှင့်လိုက်ပို့ကြသည်ထင်ပါရဲ့

ထယ်ယောင်းဝင်လာတော့တစ်ချို့ကလူထူးလူဆန်းလို့ကြည့်ကြသည်
အင်းပေါ့လေ ကျောင်းဝန်းထဲလမ်းလျှောက်ဝင်လာတာလူနည်းစုပင်မလား
အထူးသဖြင့်ကျောင်းဝတ်စုံမှလွဲရင်ဘာတန်ဖိုးကြီးပစ္စည်းမှဝတ်ဆင်ထားမှုမရှိတဲ့ထယ်ယောင်းအတွက်တော့ထူးဆန်းစွာကြည့်ခံရသည်မှာမဆန်းပါ

" ဖိုက်တင်း အဆင်ပြေသွားမှာပါ "

ထယ်ယောင်းကျောပိုးအိတ်ကြိုးအားတင်းတင်းဆုပ်ကိုင်လျက်စိတ်တင်းကာဝင်လာလိုက်သည်

* ဝှီး *

ထယ်ယောင်းဘေးကအလွန်အရှိန်ပြင်းသောအရာတစ်ခုဖြတ်မောင်းသွားသောကြောင့်လေအရှိန်နှင့်လူပင်ယိုင်ချင်သလိုဖြစ်သွားသည်

ကျောင်းထဲဆိုင်ကယ်စီးလို့ရသည်လား??

ထယ်ယောင်း၏ခပ်လှမ်းလှမ်းတွက်ထိုဆိုင်ကယ်ကရပ်သွားလေသည်

ဘယ်လိုလူလား လူနားကပ်ပြီးမောင်းရတယ်လို့
အခန့်မသင့်လျှင်တိုက်သွားနိုင်သည်
လူလိုမသိဘူးလားမသိဘူး

ထယ်ယောင်းဒေါသထွက်သွားသော်လည်း သွားမပြောရဲပင်
ထိုသူဝတ်စားထားပုံကြည့်ရုံနှင့်ဘယ်လောက်ချမ်းသာမည်ဆိုတာပြောစရာမလိုပင်
ထိုသူမှာကျောင်းဝတ်စုံတောင်မဝတ်ထားပေ
တစ်ကိုယ်လုံး brand အပြည့်ဖြင့်

He Belongs To MeWhere stories live. Discover now