7

313 30 4
                                    

[ Zawgyi ]

ထယ်ယောင်း ကျောင်းသွားဖို့ခြံထဲကနေထွက်လာတော့ ဆိုင်ကယ်ဘေးမှာအုတ်နံရံကိုမှီလျက်လက်ပိုက်ကာရပ်နေသောဂျီမင်းအားတွေ့ရလေသည်

" ဂျီမင်း "

" လာလေ ထယ်ယောင်း "

" ငါ့ကိုလာခေါ်တာပေါ့? "

ထယ်ကလေးထောင့်ဆန်ဆန်အပြုံးလေးဖြင့်ရယ်ရင်းသူ့ဆီလျှောက်လာလေရဲ့
ကျောင်းရှေ့မှာထယ့်ကိုအမြဲစောင့်လေ့ရှိပေမဲ့ ဒီနေ့တော့သူတောင်မသိလိုက်ဘဲ ထယ်ရှိရာကိုဦးတည်မိသွားသောကြောင့် ကျောင်းအတူသွားရန်သာဆုံးဖြတ်လိုက်တော့သည်

" ဒါပေါ့ "

ထယ်ယောင်းဂျီမင်းနားရောက်တော့ ဂျီမင်းကဆိုင်ကယ်ဦးထုပ်အားသေချာဝတ်ပေးနေလေသည်

" ဒီတစ်ခါတော့ဦးထုပ်တစ်ခုပိုယူခဲ့တယ် "

" ဖြည်းဖြည်းမောင်းနော် ဂျီမင်း
မင်းမောင်းတာကြီးကအလင်းလောက်မြန်တယ် "

ဂျီမင်းကရယ်ရင်းဆိုင်ကယ်ပေါ်ထိုင်လျှက်
" ငါနဲ့ဆိုလုံခြုံပြီးသားပါဆို ဒီကဆရာကိုယုံလိုက် "

ထယ်ယောင်းရယ်ကာနောက်မှထိုင်လျှက် ခါးလည်းဖက်ဖို့မရဲသောကြောင့်အင်္ကျီစအားဆွဲထားမိသည်
အရင်ကလည်းတူတူစီးဖူးပေမဲ့ ကိုယ်ကစပြီးဖက်ဖို့ကျမရဲပေ

နောက်ကနေဖွဖွလေးကိုင်ထားတဲ့ထယ်ယောင်းကြောင့် ဂျီမင်းတစ်ချက်ပြုံးလိုက်ကာ ဆိုင်ကယ်ကိုအရှိန်နဲ့ထွက်လာတော့ခါးကိုအလန့်တကြားဖက်လာတာလက်တစ်စုံ

နောက်ထပ်ထပ်ပြုံးမိသွားတာကိုတော့ဂျီမင်းကိုယ်တိုင်လည်းသတိမထားမိလိုက်ပါ ။

ကျောင်းရောက်တော့ ထယ်ယောင်းလက်များကရေခဲလိုပင်အေးစက်နေလေသည်
ရာသီဥတုကအေးသောကြောင့် ဆိုင်ကယ်စီးလိုက်တော့တစ်ကိုယ်လုံးအေးစက်လျက်ပင်
ဂျီမင်းကတော့သိတ်အေးသည့်ပုံမပေါ် ၊ ပုံမှန်အတိုင်းပင်
ဆိုင်ကယ်စီးနေကျမလို့အကျင့်ဖြစ်နေသည်ထင်ပါရဲ့

ထယ်ယောင်းလည်းလက်နှစ်ဖက်ကိုပွတ်ရင်းနွေးအောင်လုပ်နေစဉ်
" ထယ်ယောင်းအတန်းထဲဝင်နှင့်နော် "

He Belongs To MeWhere stories live. Discover now