5

414 45 10
                                    

[ Zawgyi ]

ကျောင်းဆေးခန်းမှာဆရာ မတွေ့သောကြောင့် အရက်ပြန် ၊ ဂွမ်းနဲ့လိုအပ်တာတွေအားယူပြီးကုတင်ပေါ်ထိုင်နေသောထယ်ယောင်းဘေးအားဝင်ထိုင်ကာ
ဒဏ်ရာတွေပေပွနေသော မျက်နှာအားကြည့်ရင်း ဘဝင်မကျမှုများကတန်းစီစွာ

ကျစ်.... ဘာကိုဘဝင်မကျလို့မကျဖြစ်နေမှန်းသူကိုယ်တိုင်လည်းစဉ်းစားမရပေ

" ငါ့ဘာသာဘဲလုပ်လိုက်မယ်ဂျီမင်း "

" ငြိမ်ငြိမ်နေ "

" ဟင်..အင်း "

သူပြောတာကိုမကြားသလိုပင်ပြောသောကြောင့်ထယ်ယောင်းငြိမ်နေလိုက်တော့သည်
သူတခြားသူကဆေးထည့်ပေးတာကိုခံရတာ သူ့အသက် 10 နှစ်တုန်းကနောက်ဆုံးပင်....

" နည်းနည်းတော့စပ်လိမ့်မယ်ထယ်ယောင်း "

" အင်း ရပါတယ် "

ဆေးနှင့်ထိသည်နှင့်တစ်ချက်တွန့်သွားသောထယ်ယောင်းအား စပ်တာသက်သာစေရန်မှုတ်ပေးနေသော ဂျီမင်းအားသူငေးကြည့်နေမိသည်
ငါတို့ကဒီလောက်ရင်းနှီးတာမလို့လား

" အဟမ်း ပြီးပြီ
မင်း....အဆင်ပြေရဲ့လား "

" ငါလား?
အင်း....ပြေပါတယ်.... "

ခေါင်းငုံ့လျက်တိမ်ဝင်သွားသောထယ်ယောင်းအသံကြောင့် မျက်နှာကိုဆွဲမော့ယူကြည့်တော့ နီရဲနေသောမျက်ဝန်းတစ်စုံကသူ့အကြည့်အားရှောင်နေလေရဲ့

" မင်းမပြေပါဘူး "

" .... "

" ငါ့ကိုကြည့် ထယ်ယောင်း
ငိုချင်ရင်ငိုချလိုက် ဟုတ်ပြီလား ပြီးရင်တော့ဟန်မင်းဂျွန်းလိုလူကြောင့်အတွက်နဲ့မျက်ရည်မကျနဲ့တော့
မင်းမျက်ရည်တွေကပိုတန်ဖိုးရှိတယ် "

" ငါလေ....
ငါဘာလို့ဒီလောက်အားနည်းနေရတာလဲ
ငါကသူ့မျက်စိထဲမိန်းကလေးတစ်ယောက်လိုများမြင်ရလောက်အောင်ထိဖြစ်နေခဲ့တာလား
ငါကမိန်းကလေးတစ်ယောက်နဲ့တူနေခဲ့တာလား
ငါယောက်ျားတစ်ယောက်ပါ
ငါ့အများကြီးပျော့ညံ့နေတယ်ထင်ပါရဲ့
ဒီမျက်ရည်တွေကိုလည်း မုန်းလိုက်တာ
ဒီမျက်ရည်တွေကပျော့ညံ့တဲ့သူနဲ့ပိုတူစေခဲ့တာလား
ငါ..ငါ.."

He Belongs To MeWhere stories live. Discover now