4

526 61 22
                                    

[ Zawgyi ]

နောက်တစ်ပတ်တနလာင်္သို့ရောက်လာပြန်သောကြောင့်ကျောင်းသွားရန်ကျောပိုးအိတ်လွယ်လျက်ကျောင်းသို့ထယ်ယောင်းထွက်လာတော့သည်
ကျောင်းရှေ့တွင်ထုံးစံအတိုင်းဂျီမင်းကဆိုင်ကယ်အားမှီလျက်ထိုင်နေလေသည်
သူ့အားစောင့်နေသည်ဟုတစ်ဖက်သတ်မတွေးချင်သော်လည်းထယ်ယောင်းလာသည်နှင့်
အတူကျောင်းထဲလိုက်ဝင်သည်မှာထုံးစံပင်

" Morning ထယ်ယောင်း "

ဂျီမင်းကလက်ပြကာထုံးစံအတိုင်းနှုတ်ဆက်သောကြောင့်ထယ်ယောင်းလက်ပြန်ပြကာပြုံးပြလိုက်သည်

" Morning ဂျီမင်း "

ထို့နောက်ဂျီမင်းကဆိုင်ကယ်အားစက်နှိုး၍ကျောင်းထဲသို့ဝင်သွားတော့သည်
ထယ်ယောင်းနောက်မှဂျီမင်းလိုက်လာကာအတန်းထဲသို့ဝင်လာစဉ်တံခါးပေါက်၌မလှုပ်မယှက်ရပ်နေသောထယ်ယောင်းကြောင့် ထယ်ယောင်းနားအားသွားလိုက်တော့ အတန်းထဲ၌ထိုင်ကာနှုတ်သလိုလက်လှုပ်ပြနေသောဟန်မင်ဂျွန်း

" ကျစ် မနက်ခင်းကြီးကျက်သရေ စတုန်းပြီ လာခဲ့ ထယ်ယောင်း "

ဂျီမင်းကထယ်ယောင်းလက်အားဆွဲလျက်အတန်းထဲသို့ခေါ်သွားတော့သည်
ထယ်ယောင်းလည်းမငြင်းမိပါ
ထယ်ယောင်း အခုဂျီမင်းနားနေရသည်မှာလုံခြုံသလိုခံစားရပါသည်
ထယ်ယောင်းဘေးခုံ၌ထိုင်နေသောကျောင်းသားအား
ဂျီမင်းကြည့်လိုက်တော့ ဂျီမင်းခုံ၌သွားထိုင်လေသည်

ဂျီမင်းကထယ်ယောင်းဘေးနားကခုံအားဝင်ထထိုင်ကာ
" ငါ့နားမှာပဲနေ ထယ်ယောင်း "

" အင်း ဂျီမင်း "

စာသင်ချိန်များတစ်ချိန်ပြီးတစ်ချိန်ကုန်ဆုံးသွားကာထမင်းစားချိန်ရောက်လာသောကြောင့်အကုန်လုံးကအလျှိုလျှိုထွက်သွားကြတော့သည်
ဟန်မင်းဂျွန်းကပါဘာပြဿ နာမှမရှာဘဲထွက်သွားသောကြောင့်ထယ်ယောင်အနည်းငယ်တော့စိတ်အေးသွားသည်

" ထမင်းစားသွားကြမယ်လေ ထယ်ယောင်း "

" အင်း သွားတာပေါ့ "

ဂျီမင်းခေါ်ရာနောက်သို့လိုက်သွားစဉ် ဆရာတစ်ယောုးတို့ရှေ့၌ရပ်လိုက်သောကြောင့်နှစ်ယောက်လုံးခြေလှမ်းများရပ်သွားတော့သည်

He Belongs To MeWhere stories live. Discover now