3

477 56 3
                                    

[ Zawgyi ]

ထမင်းစားဆင်းချိန်မလို့ တစ်ယောက်တည်းနေချင်သောကြောင့်ဝရန်တာထွက်ကာ ပါလာသောစီးကရက်အားမီးညှိလျက်ရှိုက်ထုတ်လိုက်တော့အငွေ့များကလေထဲသို့လွှင်လျက်

ဆေးလိပ်အားစွဲသည်မဟုတ်သော်လည်းတစ်ခါတစ်လေအပျင်းအပြေတော့ဂျီမင်းသောက်ဖြစ်သည်
အဖေ့အစ်မ မကြိုက်တာမလို့သောက်ဖြစ်သည်ဆိုမမှားပေ

ဝရံတာလက်တန်းအုတ်ဘောင်၌ထိုင်ကာစီးကရက်အားရှိုက်ထုတ်လိုက်စဉ် ထမင်းဘူးနှင့်ထွက်လာသည့်ထယ်ယောင်းအားမြင်လိုက်ရသောကြောင့်တစ်ချက်ပြုံးလိုက်မိသည်
ငါရှေ့ကိုအမြဲရောက်ရောက်လာနေတာပဲ ထယ်ယောင်း

ဂျီမင်းကြည့်နေဆဲပင် ထယ်ယောင်းအားဆွဲသွားသောဟန်မင်ဂျွန်းတို့အားမြင်လိုက်ရသည်
ဖြစ်နေကျကိစ္စတွေမလို့ဂျီမင်းဝင်ပါဖို့စိတ်ကူးလည်းမရှိပါ
ထယ်ယောင်းဆက်သည်းခံနိုင်ရင်ကျောင်းပြီးသည်ထိတက်ရမယ်
သည်းမခံနိုင်ရင်ကျောင်းထွက်ရမယ် ဒါပါပဲ
သူများကိစ္စဝင်မရှုပ်ချင်လို့ထယ်ယောင်းကိုသာဆက်ကြည့်နေမိသည်
ထယ်ယောင်းကသိတ်တော့သည်းမခံနိုင်သည့်ပုံပင်
ထိုစဉ်ထယ်ယောင်းအင်္ကျီကြယ်သီးအားဖြုတ်နေသောဟန်မင်ဂျွန်းကြောင့် ဂျီမင်းမျက်ခုံးများကမြင့်တက်သွားတော့သည်

ဟန်မင်ဂျွန်းကမလုပ်စဖူးတွေလုပ်လို့ပင်
ဟန်မင်ဂျွန်းကကလေးအထာနဲ့အနိုင်ကျင့်တတ်တာသိပေမဲ့ဒီလိုယုတ်မာမယ်တော့မထင်ထားပါ
ထို့အပြင် ကျန်နှစ်ယောက်ကထွက်သွားပြီးထယ်ယောင်းနှင့်နှစ်ယောက်ထဲသာကျန်ခဲ့တော့သည်

အကုန်လုံးကိုအစအဆုံးမြင်နေရသောကြောင့်စိတ်ထဲဒေါသထွက်လာသလိုပင်
ကိုယ်နဲ့မဆိုင်ပါဘူးလို့တွေးနေသော်လည်းဂျီမင်းဆုပ်ကိုင်ထားသောစီးကရက်ဘူးမှာတွန့်ကြေလျက်

လဲကျမလိုဖြစ်သွားသည့်ထယ်ယောင်းခါးလက်တစ်ဖက်ဖြင့်ပင့်တင်မပြီး ဟန်မင်ဂျွန်းမျက်နှာကထယ်ယောင်းမျက်နှာနားကပ်သွားသည်မလို့
ဂျီမင်းဒေါသအားထိန်းမရတော့ပေ

" ခွေးကျင့်ခွေးကြံနဲ့ မအေဘေး "

ဂျီမင်းဒုတိယထပ်မှအောက်သို့ခုန်ချလိုက်တော့သည်
ထိုလောက်ကဂျီမင်းအတွက်အသာလေးရယ်သာ

He Belongs To MeTahanan ng mga kuwento. Tumuklas ngayon