6

359 38 8
                                    

[ Zawgyi ]

" ငါကူပေးမယ်လေ ဂျီမင်း "

" လုပ်တတ်လို့လား "

" မလုပ်တတ်ပေမဲ့နည်းနည်းတော့ကူလို့ရလောက်မှာပါ "

ဟင်းကူချက်ဖို့အင်္ကျီလက်ခေါက်တင်နေသောထယ်ယောင်းအားဂျီမင်းက
" ငါလုပ်ပေးမယ် "

အင်္ကျီအားဂရုတစိုက်ခေါက်တင်ပေးနေသောဂျီမင်းအားအတွေးများစွာနှင့်ငေးကြည့်နေမိသည်
ဒီလိုမျိုးထမင်းဟင်းအတူချက်စားမဲ့သူမပြောနှင့်သူ့မှာသူငယ်ချင်းဆိုတာမျိုးကိုလုံးဝမရှိခဲ့ပါ
Scholarship ရပြီးအခုလိုကျောင်းအကြီးကြီးမှာတက်ရမယ်သိတုန်းကလည်း စာသင်နှစ်တွေအကုန်တစ်ယောက်တည်းပဲနေရမယ်ထင်ခဲ့တာ
သူငယ်ချင်းရလာတော့ မတူညီတဲ့ဘဝကတစ်ယောက်ကိုရလာတယ်တဲ့လေ
အများကြီးလည်းချောတဲ့သူပင်
ဂျီမင်းကိုပထမဆုံးတွေ့တုန်းကဒီလိုရင်းနှီးလာမယ်လို့လုံးဝမထင်ခဲ့ပါ
လောဘကြီးတယ်ပဲပြောပြော မင်းနဲ့အမြဲပေါင်းသွားချင်တာငါ....

" ငါအဲ့လောက်ချောတာလား "

" ဟမ် "

" ချောလွန်းလို့ငေးကြည့်နေတာသိပါတယ် "

ဂျီမင်းကစူးစူးရဲရဲပြန်ကြည့်ရင်းရယ်ကာပြောနေသောကြောင့်လူကအယောင်ယောင်အမှားမှား

" အဟမ်း..မဟုတ်ပါဘူး ငါသူငယ်ချင်းရလာတော့လည်း လုံးဝမထင်ထားတဲ့မင်းဖြစ်နေလို့ တွေးနေမိတာပါ အဟမ်း "

" အင်း ငါလည်းဒီလိုဖြစ်လာမယ်ထင်မထားခဲ့ဘူး "

ထယ်ယောင်းအနီးကိုပဲတိုးတိုးမိသွားတာသူကိုယ်တိုင်ဆိုပေမဲ့ပေါ့

ဂျီမင်းအကြည့်အားလွှဲသည့်အနေဖြင့်တခြားဘက်ကိုကြည့်လိုက်ပေမဲ့ ဂျီမင်းအကြည့်များကတော့တခြားကိုရွေ့သွားခြင်းမရှိ ။

တဖြည်းဖြည်းရှေ့သို့တိုးလာသောဂျီမင်းကြောင့်ထယ်ယောင်းနောက်သို့တစ်လှမ်းချင်းစီဆုတ်မိသည်

" ငါကိုက်မစားပါဘူး နည်းနည်းလောက်ပြန်ပြီးကြည့်ပါဦး "

" ငါ..ငါကြက်သွန်လှီးလိုက်မယ် ဂျီမင်း "

သူရှေ့ကနေလစ်ခနဲဖယ်သွားသောထယ်ယောင်းအားကြည့်ရင်းမျက်လုံးများပိတ်သည်ထိပြုံးမိသွားသည် ။
ထယ်ယောင်းက တကယ်စလို့ကောင်းပါသည် ။

He Belongs To MeWhere stories live. Discover now