Part 1

35.9K 604 33
                                    

Ring. 💍💍💍👨‍❤️‍👨👨‍❤️‍👨👨‍❤️‍👨🔞🔞🔞

မှိုင်းညို့နေသော မိုးကောင်းကင်ကို ကြည့်ပြီး မင်းခန့်ညား စုပ်တစ်ချက်သက်လိုက်သည်။
ကျွတ်...ဒုက္ခ ပါဘဲ မိုးရွာရင်တော့ပြီးကျရော ဒီနေ့မှ ထီးကမေ့လာတယ်......မိုးမရွာအောင်ဆုတောင်းရမှာဘဲ......

မင်းခန့်ညား ဆုတောင်းမပြည့်လိုက်ပါ တစ်ခဏအတွင်းမှာဘဲ မိုးက သဲကြီးမဲကြီး ရွာသွန်းချလိုက်သည်။

မင်းခန့်ညား အိမ်အပြန်နောက်ကျလို့မဖြစ် ဒီနေ့က သူ့မွေးနေ့ တစ်ယောက်တည်းရှိသော သူ့အတွက်ကတော့ မွေးနေ့က အရမ်းပျော်ရွှင်စရာပါဘဲ☺

May လ 13
သူ့မွေးနေ့........... မင်းခန့်ညား စိတ်လှုပ်ရှားနေသည်
ဒယ်ဒီ နဲ့ မာမီက သူ့အတွက် တစ်နှစ်တစ်မျိုး မရိုးရလေအောင် လက်ဆောင်အသီးသီး ပေးလေ့ရှိတယ်

ဒီနှစ်ဘာရမလဲမသိ
တွေးနေရင်း မိုးကပိုသည်းထန်လာသည်။
စိတ်ပျက်လက်ပျက် ပြစ်ထိုင်ချလိုက်သည်။
ဒီနေ့မှ ကားဒရိုင်ဘာ ကိုအောင်မိုးက ဘာလုပ်နေသည်မသိ

ဖုန်းဆက်တော့လဲမကိုင်
အသက် 19နှစ်ပြည့်မွေးနေ့ကိုမှ
ဘယ်လိုဖြစ်နေသည်မသိ......
ခနအကြာ သူမျှော်နေသော ကားလာပါပြီ
မင်းခန့်ညား မျက်နှာဝင်းပသွားသည် နာရီကြည့်လိုက်တော့ ပုံမှန်ချိန်ထက် 10မိနစ် 49စက္ကန့် နောက်ကျနေသည်။
ကားဘေးထိုးရပ်လာသည်နှင့် ကားဒရိုင်ဘာကိုအောင်မိုးက ချက်ချင်း အပြေးထီးနဲ့ဆင်းလာပြီး သူ့ကိုလာကြိုသည်။
မင်းခန့်ညား လည်း ဘာမှမပြောဖြစ် သူ့မွေးနေ့ မှာ
ဘယ်သူ့ကိုမှ ပြသနာ မရှာချင်
ကိုအောင်မိုး မျက်နှာကမကောင်း
စိုးရိမ်မှု့က အထင်းသား.....
ကားအနက်လေးက မိုးရေတွေကြား
ငါးမိနစ်ခန့် ပြေးလွှားပြီးသည့်နောက် ခြံဝန်းအကျယ်ကြီးရှေ့သို့ရောက်လာသည်။
ကိုမိုးကဟွန်းတစ်ချက်တီးလိုက်သည်။

ချက်ချင်းပင် ခြံတံခါးပွင့်သွားသည်။
လာဖွင့်ပေးသူက ကိုအောင်မိုး ဇနီးဖြစ်သူ မပြည့်ပြည့်လွန်း

ဒါက သူ့အတွက်အထူးအဆန်းမဟုတ် သူ သိတတ်စအရွယ်ကတည်းက ဒီတိုင်းပင်

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now