Ring😍😍🔞🔞🔞🔞part6

18.9K 315 6
                                    

မာစီးဒီးစ် ကားအနက်ကြီးက အရှိန်ပြင်းစွာ..
ပြေးလွှားလျက် လမ်းမကြီးထက်.....
အတန်ကြာ ပြီးနောက်  ကျယ်ဝန်းလှသော
အဆင့်မြင့်ဆေးရုံကြီး တစ်ခုအတွင်းသို့ ဝင်ကောက်လာသည်။
မင်းခန့်ညား တစ်ယောက် ကလေး လက်နုနုကလေးကိုင်ထားလျက် စိတ်ဂနာမငြိမ်ဖြစ်နေသည်။
ဆေးရုံအတွင်းမှ လူနာတင် တွန်းလှည်း နှင့်
ဆရာဝန် အငယ် လေးယောက် အပြေးအလွှားကောက်လာသည်။
မင်းခန့်ညား ရင်ခွင်ထဲမှ ကလေးကို ပွေ့မလိုက်ကျသည်။
မင်းခန့်ညား လက်ကလေးကို​တော့ ဆုပ်မြဲ ဆုပ်ကိုင်ထားလိုက်သည်။
ဆရာဝန်လေး လေးယောက်က အပြေးအလွှား တွန်းလှည်းကို တွန်းသွားကျသည်။
အရေးပေါ်အခန်းအတွင်းသို့ ဝင်သွားမှ မင်းခန့်ညား လက်ကလေးကို လွှတ်ပေးလိုက်ရတော့သည်။
အထူးကု ပါမောက္ခကြီးနှင့်အတူ လေးငါးယောက်
ဝင်သွားသည်။
ခနအကြာ ဆေးရုံအုပ်ကြီးရောက်လာပြီး
မေးမြန်းနေသည်။
မင်းခန့်ညား တစ်ခွန်းမှ ပြန်မဖြေနိုင် စိုးရိမ်မှု့က ကြီးစိုးနေသည်။
ဘေးက ကိုမိုးကပင် ပြန်ပြောနေရသည်။
.....ကျောင်းမှာ မူးလဲလို့ပါ ဆရာကြီး.....
.....သိပ်လဲစိတ်မပူပါနဲ့  ကို မင်းခန့်ညား
အဆင်ပြေသွားမှာပါ.........
မင်းခန့်ညား ထလိုက်ထိုင်လိုက် ဖြစ်နေရသည်။
အပေါ့သွားချင်တာလိုလို လူသတ်ချင်တာလိုလို
စိတ်က.......
မကြာလိုက်ပါ မင်းခန့်ညား မိဘနှစ်ပါးလုံးရောက်လာကျသည်။
အဲ့လိုကျ မင်းခန့်ညား အပေါ် တစ်ချက် ဂရုစိုက် မပျက်သော မိဘနှစ်ပါးကို ကျေးဇူးတင်ရသည်။
အရမ်းလဲ ချစ်မိသည်။
😍😍😍😍
ဒေါ်မြပန်းဖြူ က
.....သားလေး ဘာဖြစ်လို့လဲ....
မင်းခန့်ညား က ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
ဒေါ်မြပန်းဖြူ က...သဘောကျစွာ ပြုံးလိုက်သည်။
သားလေးက သနားကြင်နာတတ်တဲ့စိတ် အပြည့်အသရှိတာဘဲဟူ၍....
ဦးခန့်မင်း က​တော့ ဆေးရုံအုပ်ကြီးနှင့်စကားပြောနေသည်။
.....ကျွန်တော့် သားလေးပါ အခုဖြစ်တာကလည်း
ပိုက်ဆံအတွက် စိတ်မပူပါနဲ့ အမြန်ဆုံးကောင်းအောင်
ကုသပေးပါ ဒေါက်တာ....
....စိတ်ချပါ ဦးခန့်မင်း ပိုက်ဆံကိစ္စ မပြောရပါဘူး...
လူ့အသက်ကယ်ဖို့က ကျွန်တော်တို့ တာဝန်ပါဘဲ
ပိုက်ဆံဆိုတာကလည်း.. ကျွန်တော်တို့ပေးဆပ်ထားရတဲ့ အချိန်တွေရဲ့ တန်ဖိုးတစ်ခုပါ...
ဒီအလုပ်အပေါ်မှာ နှစ်မြှုပ်ထားတယ် ကျန်တဲ့အလုပ်ပေါ်မှာ စွန့်လွှတ်ထားခြင်းရဲ့ တန်ဖိုးတစ်ခုပါ...
..ဟုတ်ပါပြီ  ဒေါက်တာ ကျေးဇူးပါ...
...

Ring 💍💍💍🔞🔞🔞🔞Onde as histórias ganham vida. Descobre agora