Part 4

5.7K 298 10
                                    

Ring အမှာင်

မင်းခန့်ညား  ကြည့်နေစဥ်မှာပင်
ကောင်လေး အတန်းထဲ ပြန်ရောက်သွားသဖြင့်
မမြင်ရတော့ပေ။
သူမကျေမနပ်ဖြစ်နေမိသည်။
နောက် စဥ်းသားမိသည်က
ဟာ ထမင်းစားကျောင်း ဆင်းဦးမှာဘဲ
အဲ့ကျတော့ ကြည့်ရတာပါပ😁😁
မင်းခန့်ညား မျက်လုံးနှင့် မှန်ပြောင်းခွာလိုက်ပြီး
ရေဆင်းသောက်ဖို့ ပြင်ရတော့သည်။
အခုမှ ရေငတ်မှန်းပိုသိရတာပင်
အောက်ထပ်ရောက်တော့ မာမီက
စာအုပ်ဖတ်နေသည်နှင့် ဘာမှမပြောဘဲ
ရေအိုးစင်ဆီကိုသာ ပြေးသွားလိုက်သည်။
အပြေးလေး သွားလိုက်သည့်အတွက်
အာရုံ ပျက်သွားသည့် ဒေါ်မြပန်းဖြူက
..သားရယ် ဖြည်းဖြည်းသွားလေ လဲလိမ့်မယ် ကလေးရဲ့...
လှမ်းကြည့်ပြီးပြောလိုက်သည်။
မင်းခန့်ညား ရေသောက်နေသည်နှင့် ပြန်မဖြေ ဖြစ်
အမှတ်တမဲ့ကြည့်ပြီး ဒေါ်မြပန်းဖြူက ဖတ်လက်စ
စာအုပ်ကို ပြစ်ချကာ အလျင်အမြန်ထလာလိုက်သည်။
..သား မျက်လုံးကဘာဖြစ်နေတာလဲ သား...
ဟမ် မာမီ့ပြောစမ်း ဘယ်သူကလုပ်လိုက်တာလဲလို့
(မာမီ့သားမက်ကြောင့်ပါ😁😁😁😁)
မင်းခန့်ညား သတိမထားမိ မာမီဘာပြောလည်း နားမလည်သဖြင့် ပြန်ကြည့်နေတော့
ဟဲ့ မပြည့်ရေ မှန်ယူခဲ့စမ်းပါဦး
စကားမဆုံးသေးပါ လူတစ်ရပ်ကျော်သည့်
မှန်ကြီး ရှေ့ရောက်လာသည်။
...ကြည့်စမ်းသား ကို့ဘာကိုယ် ဘာဖြစ်လဲမသိတာလားသားရယ်....
(ဘယ်သိပါ့မလဲ နှာဘူးထနေတာကို😁)
မင်းခန့်ညား ကြည့်လိုက်တော့မှ မျက်လုံးဘေးမှာ အညိုအဝိုက်အရာကြီးကအထင်းသား
မှန်ဘီလူး နှင့်ကြည့်ထားသည့်ကျေးဇူးတွေပင်
​အချိန်ကြာသည့်အလျောက်
နီရဲသည့်ထက် နီရဲကာ ညိုမဲနေခြင်းဖြစ်သည်။
ဦးခန့်မင်းက ကွန်ပြူတာနှင့်အလုပ်လုပ်နေရင်းကနေ
​.....မေကြီးကလည်း သားကိုကလေးကျနေတာဘဲ
နေပါ့စေသူ့ဘာသူ....
ဒေါ်မြပန်းဖြူ ဂရုမစိုက်ပါ
သားလေး ငယ်ငယ်ကတည်းက ယင်တောင် မသမ်းဖူးဘူး အခု မျက်လုံးတစ်ဝိုက် ညိုမဲရာတွေနဲ့
တွေးရင်း မျက်ရည်များ စီးကျလာသည်။
(အမေ့ မေတ္တာက ကြီးမားလှပါသည်)
မင်းခန့်ညား မျက်ရည်တွေသုတ်ပေးရင်း
..မာမီကလည်း သားကဘာမှမဖြစ်ပါဘူးနော်နော်
မငိုနဲ့​တော့...
...ဘာကို ဘာမှမဖြသ်ရမှာလည်း........ ဒီမှာညိုမဲနေတာကို....... အီးးဟီးးဟီး......
...အာ့ဘာဖြစ်တာလဲ မာမီ့ကိုပြော...
....သား မှန်ဘီလူးကြည့်လို့ပါ....မာမီရဲ့
....ဟမ် ဘာတွေကြည့်လို့ အဲ့လောက်ဖြစ်နေရတာလဲသား....
မင်းခန့်ညား အဖြေရခက်နေသည်။
ဦးခန့်မင်းကပင် .
....ငှက်ကလေးတွေ ကြည့်တာနေမှာပေါ့ဟ..
(😁😁😁ဟုတ်ပါ့ ငှက်ကလေးတေကြည့်တာ ခင်ဗျားသားက)
အဲ့တော့မှ အငိုတိတ်ကာ သားဖြစ်သူကို
အာငွေ့ပေးပြီး ကြက်ပူထိုးပေးလေသည်။
မင်းခန့်ညား နာရီလှမ်းကြည့်တော့
12:30တော့မည်။
1:00နာရီဆို ဟိုကောင်လေးရဲ့ ထမင်းစားကျောင်းဆင်းပေတော့မည်။
မကြာလိုက်ပါ ခနအတွင်းမှာပင် ပုံမှန်အသားအရေ
ပြန်ဖြစ်သွားသည်။
...ရပြီသား.....
....ဟုတ်မာမီ..အာဘွား.....
မာမီ့ကိုနမ်းကာ အာလူးကြော်တစ်ထုပ်ဆွဲ ယူပြီး
အပေါ်ထပ်သို့ သုတ်ချေတင်တက်ခဲ့လိုက်သည်။
အိမ်မှာက mini market
သဘောမျိုးပင် မာမီက လိုအပ်တာမရှိရအောင် မှာထားပေးသည်။ စားချင်တာကို ယူစားရုံပင်
သူတို့ သားဖ သုံးယောက်တင်မက အကူခေါ်ထားသည့် ကိုမိုးတို့လင်မယားပါ ထိုနည်းအတိုင်း ခွင့်ပြုထားချင်းပင်...
သို့အတွက်ကြောင့် မင်းခန့်ညား တို့အိမ်က လူမြဲသည်။
သူသိတတ်ကတည်းက ထိုလင်မယားပင်
အပေါ်ထပ်ရောက်​တော့ မင်းခန့်ညား ကွန်ပြူတာဖွင့်လိုက်သည်။
Search barကနေ စတင်ရှာဖွေလိုက်သည်က
နာမည်ကြီး Fashion Online shopping
ဖိနပ်.အိကျီ.ဘောင်းဘီ.ဦးထုပ်.နာရီ.
စတာတွေကို စိတ်ကြိုက်ရွေးချယ်မှာယူလိုက်သည်။
ဦးခန့်မင်း က bill cardပေးထားသည်။
လိုချင်တာဝယ်ယူဖို့အတွက် ပေးထားချင်ပင်။
1:00..

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now