Part 3

8.8K 274 36
                                    

ဆရာမက

သား.လာလေ ရတယ်

ကောင်လေးက

ဝင်ခွင့်ပြုပါဆရာမ....

ဟုပြောပြီး ဝင်လာလိုက်သည်။
မင်းခန့်ညား ကောင်လေးလှုပ်ရှားမှု့တွေ လိုက်ကြည့်နေမိသည်။လမ်းလျှောက်တာကအစ ခြေသံမကြားရ အိစက်ညက်ညောလှသည်။
ဆရာမ ရှေ့က စားပွဲပေါ်စာရွက်များတင်ကာ
ကောင်လေး ပြန်ထွက်သွားမည်အပြု
မင်းခန့်ညားက
..ဆရာမ သူက ဒီကျောင်းကမဟုတ်ဘူးထင်တယ်

ဆရာမ က သေချာကြည့်ပြီး
..သားက ဒီကျောင်းကမဟူတ်ဘူးလား???

ကောင်လေး က ပြုံးပြပြီး
...မဟူတ်ပါဘူး ဆရာမ သားက တခြားကျောင်းကပါ

ဆရာမက အံ့သြပြီး
..ဟင် အာ့ဆို သားကဘယ်လို ဒီရောက်နေတာ

ကောင်လေးက
...ဖေဖေက အလုပ်လာအပ်ပေးလို့ပါ သားကပန်းပင်လေးတွေ ပြုစုပေးရမှာလေအာ့ကြောင့်ရောက်နေတာပါ

ဆရာမက နားလည်သွားဟန်ဖြင့်

..သြော် ဟူတ်ပါပြီ
ဒါနဲ့ သားနာမည်ကရော

ကောင်လေးက ပါးချိုင့်လေးပေါ်အောင် ပြုံးလိုက်ရင်း
..သားနာမည်က သျှားသွန်းဖြိုး ပါဆရာမ

မင်းခန့်ညား ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဒီလိုနာမည်မျိုး ဘယ်တုန်းကမှ မကြားဖူးခဲ့။ နာမည်လေးနဲ့ လူလေးက လိုက်ဖက်စွာ ဖြူစင်သန့်ရှင်းလှပနေသည်။

သူတွေးနေစဥ်မှာပင် ကောင်လေးကထွက်သွားချေပြီ။
..အဟမ်းးး
ဆရာမ ချောင်းဟန့်သံကြောင့် မင်းခန့်ညားအတွေးစတို့ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်သည်။
ဒါပေမယ့် ဆရာမကို ကျေးဇူးတင်မိသည်။
ဆရာမကျေးဇူးကြောင့် ကောင်လေးနာမည် သိခွင့်ရလိုက်ခြင်းပင်။

သျှားသွန်းဖြိုး...

ဒီနေ့မနက် စောစော ဖေဖေက အလုပ်လိုက်အပ်ပေးမည်ပြော၍ အရင်နေ့ကထက် စောစောနိုးနေသည်။ လူကလည်း လန်းဆန်းတက်ကြွလို့
သွားတိုက် မျက်နှာ သစ် ခြေလက်သန့်စင်ပြီး
အဝတ်အစား လဲ လိုက်သည်။
ဒီနေ့မှ သျှားသွန်းဖြိုး စိတ်ထဲ  ဘောင်းဘီတို ဝတ်ချင်စိတ်ဖြစ်ပေါ်လာသည်နှင့် ဖေဖေ ဝယ်ပေးထားတဲ့ ဝတ်စုံလေးကို ထုတ်လိုက်သည်။
ပန်းရောင်အိကျီလေး ပန်းရောင်က သူ့ Fav အရောင် ဘောင်းဘီ ဒူးမဖုံးတဖုံး အဖြူလေး
လဲလှယ် ဝတ်ဆင်လိုက်သည်။
ပြီးနောက် သူ့ကိုယ်သူ ပြန်ကြည့်မိသည်။
ဖြူဖွေးသွယ်လျပြီး နူ့ညံ့အိစက်နေသော ခြေထောက် လေး သွေးကြောစိမ်းစိမ်းလေးများက ပို၍ လှပအောင် မွမ်းမံထားသည်။
သူသိတတ်စအရွယ်ကတည်းက ဝတ်လျင် ဘောင်းဘီရှည် ပုဆိုးဘဲ အများဆုံးထားဝတ်ဖြစ်သည်။ ဒီနေ့သူအပျော်ဆုံး အလုပ်လုပ်ရမည်ဖြစ်၍ ထူးဆန်းစွာ ဝတ်ဆင်မိခြင်းပင်.
စဥ်းစားမိသည် ဒီပုံစံအတိုင်း မသွားရဲ
Boyဆိုပေမယ့် ရှက်နေမိသည်။
သူအတွေးတစ်ချက်ရသွားသည် ဟူတ်ပြီ
ဖိနပ်ထားတဲ့ စင်လေးနားအပြေးလေးသွားလိုက်သည်။သူနေ့တိူင်း သန့်ရှင်းရေး လုပ်ထား၍ ဖိနပ်စင်လေးက ပြောင်ဝင်းလျက်.အနက်ရောင် Boot
ဖိနပ်လေး ယူလိုက်သည်။
အထဲ ကြည့်လိုက်​တော့ ခြေအိပ် အဖြူလေးက အဆင်သင့် ရှိတာနဲ့ ထုတ်ပြီးဝတ်ဆငိလိုက်သည်။ခြေအိပ်လေးကလည်း သူ့အကြိုက်သိနေသလို ဒူးပေါ်ထိ စွပ်လို့ရသွားသည်။
သျှားသွန်းဖြိုး ပျော်သွားသည်။ ဒီပုံစံအတိုင်းဆို
အဆင်ပြေသွားပြီ။
...ဖေဖေရေ ဖေဖေ သွားကျစို့လေ
..
ဦးဟန်သွင်ငြိမ်း က

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now