Part14

2K 59 3
                                    

ပြောင်ကြီးတို့အုပ်စု..
မင်းခန့်ညား ကောင်းမှု့ကြောင့်
နယ်ဘက်သို့ ကျောင်းပြောင်းခံလိုက်ရသည်။
သို့ပေမယ့် ဆိုးမြဲ ပေမြဲ တေမြဲ နေမိတိုင်းနေတုန်း

ပြောင်ကြီး စဥ်းစားခန်းဖွင့်နေမိသည်။
မနေ့ညက သူတို့တွေ့တာ ဟိုကောင်ဟုတ်ရဲ့လား
..

ဘေးကတစ်ကောင်က
...ကိုပြောင်ကြီး ဘာတွေစဥ်းစားနေတာတုန်းဗျ?
...အေ့ကွာ မနေ့ညကတွေ့တဲ့ကောင်အကြောင်းပေါ့ကွာ...
...ငါတို့ကျောင်းပြောင်းခံရတာကို ခုထိလိုက်ဒုက္ခပေးနေတုန်းကွ အာ့ကောင်က...
မင်းခန့်ညား ကျေးဇူးကြောင့် ကျောင်းပြောင်းခံလိုက်ရသဖြင့် ကျိမ်းဝါးနေကျတုန်း
တွေ့ကျသေးတာပေါ့ကွာဆိုတာမျိုး
...ကိုပြောင်ကြီး ကျနော်တို့ သူ့အကြောင်းသေချာစုံစမ်းရမယ်ဗျ ဒီကောင် ဒီထိဘာလာလုပ်တာလည်းဆိုတာ...
...အေ့ ငါပါလိုက်ခဲ့မယ်ကွာ...
....အာ...မလုိက်ပါနဲ့ ဗျ ကျနော်တို့အရင်စုံစမ်းကြည့်မယ်...
...အခြေနေကောင်းမှ ကိုပြောင်ကြီးကိုခေါ်မယ်ဗျာ..
...အေ့အေ့ ဂရုစိုက် ကျဦး..ဟိုကောင်ကလက်သံပြောင်တယ် သိတယ်မလား?

ဟိန်းခန့်ဇော်....

ကလေးနဲ့ မိန်းမအတွက်လိုအပ်တာလုပ်ပေးခဲ့ပြီး
အလုပ်ထပ်ရှာဖို့ အပြင်ထွက်ခဲ့လိုက်သည်။
စဥ်းစားလေ စဥ်းစားရကျပ်လေမို့
သက်ပြင်းဘဲအကြိမ်ကြိမ်ချနေမိသည်။
မြုိ့ထဲက အလုပ်တွေကလည်း ပိုက်ဆံထင်သလောက်မရ
စိတ်ပျက်နေသော်လည်း အားတင်းထားရမည်။
မီးမီးလေးနဲ့ မိန်းမိန်း အတွက်.❤
ဟိန်းခန့်ဇော် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် အလုပ်လိုက်မေးသည်။
လုံလောက်တဲ့လစာကားမရသေးပေ။
နောက်ဆုံး အကင်ဆိူင်တစ်ဆိုင်ဘဲကျန်တော့သည်။
ဟိန်းခန့်ဇော် စဥ်းစာမနေဘဲ ဝင်သွားလိုက်သည်။
အကင်နံ့ကား မွှေးကြိုင်နေသည်။
ဟိန်းခန့်ဇော် ဗိုက်ဆာသွားသော်လည်း
လက်ထဲက တပြားမှမရှိသဖြင့်
အလုပ်မေးဖို့ဘဲ အာရုံစိုက်လိုက်သည်။
ကောင်တာမှာထိုင်နေသောလူတစ်ယောက်အား
..အကိုကျနော်အလုပ်ရချင်လို့ပါ
ပိုက်ဆံအရမ်းလိုအပ်နေလို့ပါဗျ
ဘာဘဲလုပ်ရလုပ်ရ လုပ်ပေးပါ့မယ်
တစ်ဖက်လူက သူ့ကိုစကားပြန်မပြောဘဲ
စိုက်ကြည့်နေသဖြင့် ဟိန်းခန့်ဇော်
မော့ကြည့်လိုက်ရာ မနေ့က သူနဲ့ရန်ဖြစ်ခဲ့သောသူထဲကတစ်ယောက်..
ဟိန်းခန့်ဇော် ကဘဲ
..အကုိ အဆင်ပြေရဲ့လားဗျ..
ထိုလူက ကြောင်ကြည့်နေရာမှ
..ဟုတ်ဟုတ် ခနနော်ဆိုပြီး
ပျာပျာသလဲ ထသွားသည်။
ဟိန်းခန့်ဇော် စိတ်မရှည်သော်လည်း
သူကခနဆိုတော့ စောင့်လိုက်သည်။
ခနအကြာ ဆိုင်ပိုင်ရှင်ဖြစ်ပုံရသော
လူတစ်ယောက်ထွက်လာသည်။
ဟိန်းခန့်ဇော် ကိုကြည့်ပြီး
...မင်းက ငါတို့ကိုဒီထိလိုက် ဒုက္ခပေးနေတာလား?
ဟိန်းခန့်ဇော် တွေးသည်က မနေ့ကထိုးလိုက်လို့ပြောသည်ဟုထင်သည်။
ထိုလူကား ပြောင်ကြီးပင်
ပြောင်ကြီးတို့ပြောသည်က မြုိ့ကနေနယ်ဘက်ရောက်အောင်ထိလိုက်ဒုက္ခပေနေသည်ဟုပြောနေ
ခြင်းပင်..
ဟိန်းခန့်ဇော် က ပြာပြာသလဲ
..မဟုတ်ရပါဘူး အကုိကြီးရာ
ကျနော် တကယ်အလုပ်လိုနေလို့ပါ
ကူညီနိုင်ရင် ကူညိပါလားဗျာ
...မင်းက ချက်ချင်းဘာတေအလုပ်လုပ်နေရတာလည်း မင်းယောက်ကျားဆီက ချူစားတာ အားမရလိုလား ဟမ်?
ဟိန်းခန့်ဇော် သူပြောတာတေ နားမလည်ပေမယ့်
အလုပ်ရဖို့ အရေးကြီးနေသည်မို့
ဆက်မပြော​တော့ဘဲ ဆိုင်ထဲက လှည့်ထွက်လာလိုက်သည်။
..ေဟ့ကောင် မင်းဝငိချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်လိုရ့မလားကွ
ဟိန်းခန့်ဇော် ဘာမှပြန်မဖြေဘဲ
ဆိူင်ထဲကထွက်မည်အလုပ်
နောက်ကနေ နံပတ်တုတ်တစ်ခုက အရှိန်ပျင်းစွာ
ကျရောက်လာသည်။
ဟိန်းခန့်ဇော် သတိရှိသဖြင့်
ဆတ်ခနဲ လှည့်ကာ တုတ်ကိုဖမ်းလိုက်ပြီး
လက်ကိုလိမ်ချိုူချလိုက်သည်။
..ဂျွတ်.. အားးးးးးးးသေပါပြီဗျ..
စူးရှစွာအော်လိုက်တာကြောင့်
ေပြာင်ကြီးတို့အုပ်စု ရှေ့ဆက်မတိုးရဲတော့ပါ
ဟိန်းခန့်ဇော် အပြန်လမ်း စိတ်ပျက်စွာ
ပြန်လာလိုက်သည်။
အိမ်ရောက်တော့ ည 7နာရီ
အိမ်ပေါ်ရောက်တော့
မေမျိုးဆုနွယ် ကား တံခါးလေးမှီထိုင်နေသည်။
ဟိန်းခန့်ဇော် ပြာပြာသလဲ
မေးလိုက်သည်။
...မေ ဘာဖြစ်လို့လည်းဟင်
နေလို့ကောင်းရဲ့လား
ထမင်းစားတော့မလား ကိုခူးလိုက်တော့မယ်နော်
ဟိန်းခန့်ဇော် ပြောပြောဆိုဆိူ ထမည်အလုပ်
မေမျိုးဆုနွယ် က ဟိန်းခန့်ဇော် လက်ကလေးကိုဆွဲထားသဖြင့် ဟိန်းခန့်ဇော် ပြန်ထိုင်လိုက်ရသည်။
မျက်ဝန်းအစုံက မျက်ရည်စတွေနဲ့
ိ..မေ မစားချင်ပါဘူး ကိုရယ်
ကိုပင်ပမ်းနေတာကို မေကဘာမှမကူနိုင်ဘူး
..အာ မဟုတ်တာမေရယ်
ကိုက ယောကျားလေ အကုန်လုပ်ပေးရမှာပေါ့လို့
နော် နော် မေက ကိုတို့ကလေးကို နို့တိုက်ပေး
အာ့ဘဲလုပ် အာ့က မေ့အလုပ်ဘဲနော်
မေက ဖြေးညှင်းစွာ ခေါင်းငြိမ့်ပြသည်။
ဟိန်းခန့်ဇော် စိတ်ထဲက. သွေးနုသားနုနဲ့ မေအတွေးတွေလွန်နေပြီဘဲ.ငါအများကြီးကြိုးစားရဦးမယ်..
ဟိန်းခန့်ဇော် ေမ့ကို ခနထားခဲ့ကာထမင်းလာခူးလိုက်သည်။
ထမင်းပန်းကန်လေးနက် ဟင်းနုနွယ်ရွက်ဟင်းကြိုရည် ကြက်သားပြုတ်ကြော်
ဟင်းအဆက်အဟပ် တည့်လှသဖြင့်
မေပြုံးမိသည်။
သူနဲ့ရပြီူကတည်းက ဟိန်းခန့်ဇော် ထမင်းဟင်းချက်ရင်စားမကောင်းဖူးဆိုတာမရှိ
ထမင်း ပူပူနွေးနွေးလေးကို
တဖူးဖူးမှူတ်ကာ ခွံ့ကျွေးနေသည့်
ဟိန်းခန့်ဇော် ကား ကလေးငယ်တစ်ယောက်ကို
စိတ်ပူနေသည့် မိခင်တစ်ယောက်လိုပင်
ဟိန်းခန့်ဇော် ထမင်းးပြီးအောင် ခွံ့ပြီး မေ့ကိုယအိပ်ယာထဲပွေ့ပို့လိုက်သည်။
ပြီးနောက် ကလေးအဝတ်တွေရော လူကြီးအဝတ်တွေရော စိမ်ထားလိုက်သည်။
မနက်ရောက်မှလျှော်ရမည်။
ပြောင်ကြီးတို့အုပ်စု
တစ်​ကောင် လက်ကျိုးသွားသဖြင့်
ဆေးခန်းလိုက်ပို့ကာ အပြန်လမ်းတွင်..
..ဒီကောင်အရင်ကလိုမဟုတ်ဘူးကွ
ငါကတော့ တစ်ခုခုတော့မှားနေပြီထင်တယ်
ငါတို့ သေချာစုံစမ်းမှရမယ်ကွ
..ဟုတ်တယ်ကိုပြောင်ကြီး
လက်ကလည်း သန်မှသန်ဗျာ
ကျနော် လက်ကတော့ သွားပါပြီထင်တယ်ဗျာ
အားးး နာလိုက်တာ..
..မင်းကိုက လူမိုက်သွားလုပ်တာကိုး
အခုတော့ အမူးတောင် ပြေပြီမလား😆
..ဟာ ကိုပြောင်ကြီးကလည်းဗျာ
..အာ့ကအရေးမကြီးဘူး ဒီကောင်ဘယ်နားနေလည်း ဘာလုပ်နေတာလည်း
ဘာလုပ်ဖို့ဒိကိုရောက်နေတာလည်း
ငါတို့ သိအောင်စုံစမ်းရမယ်
ငါကိုယ်တိုင်စုံစမ်းမယ် ဒီတစ်ခါ
....
သာသာမအားလို့ပါနော်
Voteလေးတွေပေးကျပါဦးလို့
ကာကာတို့ရေ 😍😍😘😘😘😘

You've reached the end of published parts.

⏰ Last updated: Mar 02, 2023 ⏰

Add this story to your Library to get notified about new parts!

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now