Part13

2.3K 75 12
                                    

ဟိန်းခန့်ဇော်  ....

ဆေးခန်းရှေ့ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။
ခနအကြာ သူနာပြုဆရာမလေး ထွက်လာကာ
..လူနာရှင်လားရှင်..
..ဟူတ် ဟူတ်ပါတယ်ဆရာမ...
...လူနာက ကလေးမီးဖွားပြီးပါပြီ ယောက်ကျားလေးမွေးပါတယ်...

....ဟုတ်ဆရာမ ကျွန်တော့် မိန်းမကရောသူရော..

....လူနာကတော့ သိပ်မသက်သာဘူးရှင့်..

သူနာပြုဆရာမလေး က ထိုမျှသာပြောပြီး ပြန်ဝင်သွားသည်။

ခနအကြာ သားဖွားဆရာဝန်ကြီးထွက်လာသည်။

...ကိုဟိန်းခန့်ဇော် ကျွန်တော်နဲ့ခနလိုက်ခဲ့ပါလား..

..ဟုတ် ဒေါက်တာ..

အခန်းနဲ့ခပ်ဝေးဝေးရောက် တော့.ဆရာဝန်ကြီးက
...ပြောရမှာတော့ စိတ်မကောင်းဘူးဗျာ
ကလေးမအေက မသက်သာနိုင်လောက်ဘူးဗျာ
ဒီမှာတင် မရဘူး နိုင်ငံခြားသွားပြီးခွဲစိတ်မှရမယ်..ဒီကြားထဲ တသ်လလောက်တော့ထိန်းဖားလို့ရမယ် တစ်လနောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့လည်း အာမ မခံနိုင်ပါဘူးဗျာ..

..ဟုတ်ကဲ့ပါ ဒေါက်တာ ကျွန်တော် အစွမ်းကုန်ကြိုးစားပါ့မယ်..

...ကဲ ကလေးကိုသွားတွေ့လိုက်ပါဦး.ကလေးကခဗျားနဲ့တော်တော်တူပါတယ်..

...တူရမာပေါ့ ကျွန်တော့်သားလေးဘဲကို..

...ဟားဟားဟား ဟူတ်ပါပြီဗျာ..

ဟိန်းခန့်ဇော် အခန်းထဲကိုအပြေးလေးဝင်လာလိူက်သည်။

မေ​မျိုးဆုနွယ် ကား အိပ်ယာပေါ်မှာ မှေးစက်အနားယူနေသည်။
ဘေးမှာ ကလေးလေးကလည်း မအေနည်းတူ
အိပ်ပျော်နေရှာသည်။
ဟိန်းခန့်ဇော် ကလေးပါးလေးကိုအသာအယာနမ်းလိုက်သည်။ပြီးနောက်သူ့ဇနီးကြင်ယာလေးကိုအနမ်းပေးလိုက်သည်။

ဟိန်းခန့်ဇော် အခန်းထဲထိုင်နေရင်းက
ေဒါက်တာပြောသည်ကို ပြန်လည်စဥ်စားနေမိသည်။
ဲသူကားဆင်းရဲသည်။ ပိုက်ဆံဘယ်ကရမည်နည်း
ကလေးမီးဖွားဖိူ့တောင် အနုိင်အနိုင်
ဟိန်းခန့်ဇော် စဥ်းစားရင် ခေါင်းနောက်လာသည်။

..ဟူးးးးးးး
သက်ပြင်းအရှည်ကြီးမှုတ်ထုတ်လိုက်သည်။

ဟိန်းခန့်ဇော် နာရီကိုမော့ကြည့်လိုက်သည်။
12:38
ထမင်းသွားဝယ်ရမည် မေ စားဖို့အတွက်
သူ သူနာပြုလေးကို အကျိုးအကြောင်းပြောပြကာ ဆေးခန်းအပြင်ဘက်ထွက်လာလိုက်သည်။
အပြင်ရောက်တော့ အနီးနားထမင်းဆိုင်မှ
ထမင်းဘူးနဲ့ ကြက်သားစွတ်ပြုတ်လေးဝယ်လိုက်သည်။
ပြီး​နောက်ဆေးခန်းထဲ ပြန်ဝင်လာလိုက်သည်။
သူပြန်ရောက်တော့ မေ လည်းနိုးနေပြီး
သားတော်မောင်လေးအား နို့ချိုတိုက်ကျွေးနေသည်။
သူနာပြုဆရာမလေး ကသူလာတော့
အလုိက်သိစွာ ပန်းကန်လေးတွေယူပေးသည်။
သူလည်း ပန်းကန်ထဲကိုထမင်းနဲ့ ကြက်သားစွတ်ပြုတ်လေး ပြောင်းထည့်ကာ မေ ကိုခွံ့လိုက်သည်။
....ကိုခန့် မေ့ကြောင့်ပင်ပမ်းနေပြီလားဟင်...
ညှုိးငယ်စွာမေးလာသောကြောင့် ဟိန်းခန့်ဇော်
စိတ်မကောင်းဖြစ်သွားရသည်။
..မဖြစ်ပါဘူး မေရဲ့ ကို့မိန်းမလေးကိုပြုစုရမှာကို
ကိုက ဘာကိုပင်ပမ်းရမှာလဲ
ကဲ ဒါလေးစားလိုက်နော် အားရှိသွားအောင်😘

Ring 💍💍💍🔞🔞🔞🔞Where stories live. Discover now