💒{episode_1}💒

142 16 0
                                    

"သား....ဂျင်တုံးလေး"

"ဟာ မေကလည်းဗျာ တမလွန်သွားခါနီးတောင်အဲ့နာမည်ကြီးခေါ်နေတုန်းလားဗျာ
သားကမတုံးပါဘူး "

"အေးပါကွယ် "

"အင်း "

"သား ဂျင်လေး အမေနောက်ဆုံးမှာချင်တာက

အမေတို့ရှိတုန်းကရှာခဲ့တဲ့ငွေတွေက

သားတစ်သက်သုံးမကုန်ဘူးဆိုတာသိပေမဲ့ကွယ်

အမေ့သားလေးကို စီးပွားရေးလေးတစ်ခုလုပ်စေချင်တယ်
ကွယ် "

" သားးလေး စီးပွားရေး ကောင်းကောင်းလုပ်ပြီး

အမေတို့ရဲ့မျိုးဆက်မပြတ်ရလေအောင် သားရဲ့

ကွန်ဖီးဒန့်တေနည်းနည်းလျှော့ပီး မိန်းမယူပါကွယ်သားရယ်"

"ပြီးတော့ ပုကျိ‌ေလးကိုလည်း

အိမ်ခေါ်ပြီးစောင့်ရှောက်ထားပါကွယ်

သူ့မှာတစ်ယောက်တည်းနေရတာကွဲ့ "

"ဟုန့် အမေ သားကွန်ဖီးဒန့် တွေကိုပိစိလေးလျှော့ပီး

မျိုးဆက် ယူဖို့စဉ်းစားပါ့မယ်

စီးပွားရေးကိုလည်း ကောင်းရောင်းကောင်းဝယ် ဖြစ်အောင်

ငွေတိုးချေးစားပါ့မယ် အဲ့တာကလည်း မပင်ပန်းဘူးလေ

ရက်ပြည့်ရင်လဲလိုက်တောင်းလိုက်ရုံပဲ မကောင်းဘူးလား"

"ကောင်းပါတယ်ကွယ်"

"အမေ ပုကျိကို ကစိတ်ချပါ သား စီးပွားရေးလုပ်ရင်

လက်ထောက်ခန့်ဖို့ သူ့ကိုစဉ်းစားပြီးသားပါ

စိတ်ချထားလိုက်အမေ"
ပြောရင်းကပင် 👌အိုကေsignတေထလုပ်ပြနေသော Kim Seokjinရယ်ပါ။

"အေးပါကွယ် သားရယ် "

"အမေ အမေ ကြာကြာမနေရတော့ဘူးထင်တယ်သား
အမေစိတ်ချမယ်နော် ဂျင်ဂျင်လေး။"

"ဟုန့် အမေ စိတ်ချပြီးသာသွားနော်'

အာ.....မှားလို့ မသွားနဲ့ဦးလေအမေ"

Jinnie ပြောလို့မဆုံးသေးခင်မှာပင်Mrs.Kimမှာ တမလွန်သို့ရောက်သွားလေပြီ။

"အမေ့ "

"အမေ အမေလို့"  "ဗြဲ😭....... "

"အမေ့သား အချောကြီးခေါ်နေတယ်လေဗျာ "

"အမေရယ် ထကြည့်ပါအုန်းလိူ့"

ထိုအချိန် အခန်းထဲသို့ jinnieရဲ့ညီဝမ်းကွဲလေး park jiminလုံးလုံး လုံးလုံးနဲ့ရောက်ချလာပြီး Seokjinနဲ့ဘေး မှာ ဝင်ထိုင်ကာ အော်ငိုပါလေရော ။

Seokjinခမျာ ရှိသမျှ အသံကို ညှစ်ကာ အော်ငိုလိုက်တဲ့ ပတ်ပုကျိ ကြောင့် ငိုဖို့တောင်မေ့ကာ
စိုက်ကြည့်နေလိုက်တော့

"ဘာကြည့်တာလဲ အစ်ကိုကြီးရဲ့

သားဒေါ်လေး သေလို့ငိုတာလေဗျာ ။"

"😳........"

"ဘာလဲမငိုရဘူးလား ဗြဲ😭 ဒေါ်လေးရေ

ဒေါ်လေးသားက ဒေါ်လေးမရှိတော့

သားကိုမကြည်ဖြူတော့ဘူးဗျ။ "

"ဗြဲ😭 ဒေါ်လေးရေ သားကိုလာကြည့်လှည့်ပါအုန်း"

"ရားးးးဟေ့ကောင် park jiminမင်းကိုငါက ဘာပြောနေလို့

အဲ့လိုပြောပြီး ငိုနေရတာလဲကွ ။

ငါက မင်းအသံပြဲကြီးကြောင့်

လန့်ပီး ကြည့်မိတာကို။"

"ဟူးးးးတကယ်ပါပဲ မသိရင်ငါက

မင်းကိုတစ်ခုခုလုပ်နေသလိုပဲ တော်တော့

မင်းဘာသာငိုချင်သလိုငို။ ငါငိုရမှာတောင် မေ့နေပြီ"

"အမေ........"

"ဒေါ်လေး......."

အသဲ‌‌ဗြဲကြီး ၂သံနဲ့အတူ .....kim စံအိမ်နားက ငှက်တွေတောင်

ထပျံသွားလေတော့သည်။
#Borahae💜

(ပတ်ပုကျိနဲ့Seokjinnie‌ကိုနှပ်ချေးသွားသုတ်ပေးလိုက်ကြပါအူန်း .... ARMYတို့ရေ)

💒//အဆောင်ဖူးစာ//💒Where stories live. Discover now