💒{episode_3}💒

88 12 3
                                    

"ရားးးးအဒေါ်ကြီး ခင်ဗျားလက်ကြီးနဲ့

ကျွန်တော့မျက်နှာနုနုလေးကိုထိတယ်ပေါ့လေ "

"အေးရတယ်လေ ကျွန်တော်က
အသက်ကြီးနေလို့ ညှာနေတာကို
ခင်ဗျားက အရင်လက်ပါတယ်ဆိုတော့ ဟင်းဟင်း
ကင်မ်ဆော့ဂျင် အကြောင်း ပြရသေးတာပေါ့"

တခြားမဟုတ်ပါ ကင်မ်ဆော့ဂျင်တစ်ယောက် အကြွေးလိုက်တောင်းရင်း ရန်ဖြစ်နေခြင်းသာ။

နောက်ရက်ပေးမယ် နောက်ရက်ပေးမယ်နဲ့ စောင့်လိုက်ရတာ
အတိုးလည်းမရ ၊အရင်းလဲ မပေးနဲ့ မစောင့်နိုင်တဲ့အဆုံး
အော်တောင်းရာက နေ ရန်ပွဲစခြင်းဖြစ်သည်။

"အောင်မာ နင်လို ကောင်လေးကများ
ငါ့ကို ထိအုန်းမယ်ပေါ့ထိကြည့်စမ်း
အဖွားကြီးကလည်း စောက်ကြောတင်းပါပေ့။"

အဖွားကြီး စကားကြားပြီးတာနဲ့ တပြိုင်နက်
ကင်မ်ဆော့ဂျင် တစ်ယောက် ဒေါသတွေ
ပေါက်ကွဲလာပြီလေ။

သူကလည်းချေးထားသေးတယ် ၊ပြောနေတဲ့လေသံကိုက။

ပြောရင်း ဆိုရင်း ဆော့ဂျင်တစ်ယောက်  တစ်ခုခုကိုလိုက်ရှာနေပုံပင်။

ဟိုချောင်း ဒီချောင်းနဲ့ အင်းးးးတစ်ခုခုကိုတွေ့သွားပုံပဲ။

လှမ်းဆွဲပြီး မြှောက်လိုက်တဲ့ အခါမှာတော့ တခြားမဟုတ်။

သူတို့ရန်ဖြစ်နေတဲ့ အဖွားကြီး တို့အိမ်နားက အမှိုက်ပုံက
လွှင့်ပစ်ထားတဲ့ ဒယ်ပြားအဟောင်းကြီးတစ်ခု။

ဒယ်ပြားလက်ကိုင်ကနေကိုင်မြှောက်လိုက်ပြီး

အဖွားကြီးရဲ့ ကြူကြူသင်းလောက်ရှိတဲ့ တင်ပါးကြီးကို
အားပါပါနဲ့ တီးချလိုက်လေရာ_😨ရက်စက်ချက်!
(ခေါင်းတီးလို့လည်း မဖြစ်သေးပုလေ _တော်ကြာ သေသွားမှဖြင့် ‌ဒီက ဂျင်ဂျင်‌ အချောလေး စတီးလက်ကောက်ဝတ်နေရမှာပေါ့လို့_😁😁)

"အောင်မလေးးလေးးးအရပ်ကတို့ရေ မြင်လို့မှ ကောင်းကြသေးရဲ့လား
ဒီ စွာတေးလန် ငနာကောင်က သူ့အကြွေးမပေးလို့
ကျုပ်ကိုနှိပ်စက် နေတယ်တော့
အောင်မလေးးးသားတို့ရေ အမေ့ကို ကယ်ပါအုန်း "

💒//အဆောင်ဖူးစာ//💒Where stories live. Discover now