Page (2)

1.9K 47 0
                                    

I'll Be There 💕

Page (2)

မနက်ခင်း လေဆိပ်တစ်ခုထဲမှ ထွက်လာတဲ့ သူ့ကို ပျိုမေတိုင်းအဖို့ ဝိုင်းကြည့်ကြသလို့ စမတ်ကျလှတဲ့ သူ့ပုံစံကြောင့် လမ်းလျှောက်လာတဲ့တစ်လျှောက်လုံး လူအများအချို့ရဲ့ စိတ်ဝင်စားခြင်းကို အာရုံစိုက်ခံရသော်လဲ သူကတော့ တည်တည်ငြိမ်ငြိမ်နဲ့သာ လျှောက်လာလေသည်

ရှပ်အကျီအမဲရောင်ကို စတိုင်ဘောင်းဘီအနက်ထဲသို့ ထိုးထည့်ဝတ်ထားပြီး အပေါ်ထပ်ကုတ်အကျီအရှည်ကြီးကိုလည်း ထပ်ဝတ်ထားကာ သူ့ရဲ့ အသားဖြူခြင်းက ထိုအကျီနဲ့ အရမ်းကို Perfect ဖြစ်နေပေသည် ဆံပင်ကိုလဲ သပ်သပ်ရပ်ရပ် ဖီးလိမ်းထား၍ နေကာမျက်မှန်တပ်ထားတဲ့သူ့ကို မိန်းမပျိုတိုင်း မျက်နှာမြင်ဖူးချင်နေကြသော်လဲ သူ့ကတော့ သူ့အထာနဲ့ သူပေ

လီယို - သူဠေး ကုမ္မဏီအရင်သွားမှာလား အိမ်အရင်ပြန်မှာလား ခင်ဗျာ

ဇက်ဒ် - ကုမ္မဏီကိုအရင်သွားကြမယ်

လီယို - ဟုတ်ကဲ့ပါ ဒီည မွေးနေ့ပါတီပွဲအတွက်လည်း ဟော်တယ်တစ်ခုလုံးကို ငှားပြီး အဆင့်သင့်ဖြစ်နေပါပြီ

ဇက်ဒ် - ကောင်းပြီ

ဟု ပြောပြီး လီယို တံခါးအဆင်သင့်ဖွင့်ပေးထားသော ကားထဲသို့ ဝင်ထိုင်လိုက်တော့ လီယိုလည်း တံခါးကိုပြန်ပိတ်ပြီး အမြန်မောင်းသူနေရာသို့ဝင်ကာ လေဆိပ်မှ ကားကိုမောင်းထွက်လိုက်လေသည်

ဘဝတစ်လျှောက်လုံး မွေးနေ့ပွဲလုပ်တာကို မကြိုက်လာရတဲ့သူက အခုတစ်ခါ သူမလေးအတွက်ကြောင့် လုပ်မိခြင်းပင်ဖြစ်သည် သူမလေးကို တွေ့ချင်တာကလည်းပါသလို ကမ္ဘာရန်သူကဲ့သို့ စိတ်ကောက်နေသော ဂြိုလ်သူမလေးကို Romantic ဆန်စွာ ချော့မှရမည်ဆိုတာကို သိတာကြောင့်လဲဖြစ်သည်

ကားထဲရောက်တော့ နေကာမျက်မှန်ကို ချွတ်ပြီး လက်ထဲရှိဖုန်းကို အကြည့်မလွဲ မြင်နေရတဲ့ ဖုန်းထဲရှိ သူမ့ဓာတ်ပုံလေးကြောင့် စိတ်တွေအလိုလိုကျေနပ်နေမိကာ…

လီယို - အောင်မယ်လေး ဗျ

အသံနှင့်အတူ ကားကို ဘရိတ်ထိုးစိုက်လိုက်မူကြောင့် ကိုယ့်ရဲ့ ကိုယ်တစ်ဝက်က အရှေ့ကိုငုံ့ကိုင်းသွားမိပြီး ကြည်နူးနေတဲ့စိတ်တွေကို ဒေါသဖြစ်စိတ်က ဖုံးလွှမ်းသွား၍…

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now