Page (6)

1.1K 34 0
                                    

I ' II Be There 💕

Pages (6)

မနက်ခင်း ကျောင်းလာချိန်မို့ ဆေးကျောင်းတစ်ခု၌ ဝါရန် တစ်ယောက် ခပ်သွက်သွက် ခြေလှမ်းများဖြင့် အတန်းထဲ လျှောက်လာပြီး သူငယ်ချင်းတွေ ဘေးနားသို့ ဝင်ထိုင်ကာ တစ်ခုခုကိုကြောက်နေတဲ့ သူမ ပုံစံကြောင့်...

ဟယ်လီ - ဟဲ့ ဝါရန် ဘာဖြစ်လာတာလဲ ?

တိုင်လာ - အနောက်ကနေ ကျားလိုက်လို့ ပြေးလာတဲ့ ပုံနဲ့

ဝါရန် - တကယ်ကြီး လိုက်လာလို့ ပြေးလာတာပေါ့

ဟယ်လီ - တကယ်ကြီး ကျားလိုက်လာတာလား အောင်မလေး ဟယ် ကယ်ကြပါအုံး ကျောင်းထဲ ကျားရောက်နေလို့တဲ့ ပြေးကြ ပြေးကြ

ဟု ခုံတန်းပေါ် မတ်တတ်ကောက်ရပ်ပြီး အလန့်တကြား ထအော်နေတဲ့ သူမကြောင့်...

ဝါရန် - ဟာ...ရှုး...ရှုး...ရှုး...

ဟု ဟယ်လီ့ လက်ကို ဆွဲပြီး အောက်သို့ အတင်းပြန်ဆွဲချကာ ဟယ်လီလည်း တယိမ်းတယိုင်နဲ့ ခုံပေါ် ပြန်ရောက်သွားလိုက် လေသည်

ဝါရန် - တိုးတိုးလုပ်ပါ ဟယ်လီရဲ့ သူများတွေ
တကယ် ထင်သွားကြပါ အုံးမယ်

ဟယ်လီ - နင်ပဲ တကယ်ကြီး ကျားလိုက်လာတာဆို

ဝါရန် - ဝါရန်ပြောတာ အဲ့ကျားကိုပြောတာမဟုတ်ဘူး ကျားတော့ကျားပဲ ယောက်ကျားတစ်ယောက်ကို ပြောတာ

ဟယ်လီ - ယောက်ကျား !

ဟိဒဲ - အရေးထဲမှ ကျားလာ မှားနေသေးတယ်

ဟယ်လီ - ဘယ် ယောက်ကျားလဲ နင့်ယောက်ကျားလား ?

ဝါရန် - ဟာ... မဟုတ်ပါဘူး ပေါက်တက်ကရတွေ ဝါရန်မှာ ယောက်ကျားမရှိတာ သိရဲ့သားနဲ့
မနက် မိုးလင်း ကတည်းက ဝါရန် နောက်ကိုယောက်ကျားလေး တစ်ယောက် တောက်
လျှောက် လိုက်လာနေလို့

ဟယ်လီ - ပြန်ပေးသမားတွေများလား

တိုင်လာ - လူသတ်သမားလည်း ဖြစ်နိုင်တယ် ခါးပှိုက်နှိုက် သို့မဟုတ် သူခိုးလည်းဖြစ်နိုင်တာပဲ အာ့... နင့်ကို မဒိန်းကျင့်ချင်လို့များလား

ဝါရန် - ဟင့်...ဟင့်...ဟီး ...အမ်း...ဟီး ...

ဟု တိုင်လာ စကားတွေကြားပြီး မျက်ရည်တွေဝဲတက်ကာ ကြောက်သွားမိတဲ့ သူမ အတန်းတစ်ခုလုံး ဖုံးလွှမ်းသွားအောင်ကို အော်ငိုလိုက်သံကြောင့်...

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now