Page (15)

653 20 0
                                    

I ' ll Be There 💕

Page (15)

အခန်းထဲတွင် ကြမ်းပြင်ပေါ်သို့ တွန်းချလိုက်မူကြောင့် သူမလေး နာကျင်သွားကာ ဝတ်ထားတဲ့ အကျီတွေကိုလည်း အတင်းဓမ္မဆွဲဖြဲခံထား
ရ၍ အသားတွေ အေးစက် လောက်အောင်ကို အရမ်းပင်ကြောက်နေမိတဲ့ သူမ ... စိတ်ထဲတွင်ဦးကိုသာ ခေါ်နေမိပြီး မျက်ရည်တွေ စီးကျနေတော့ရာ...

လျံမင်ချန်း - ဟင့်ဟီး... မလုပ်ပါနဲ့ တောင်းပန်ပါတယ်

"တိတ်စမ်း "

ဟု ထိုလူလည်း လဲကျနေတဲ့ သူမ အပေါ် ခွတက်လိုက်ပြီး အကျီတွေ အတင်းဆွဲချွတ်ကာ ဖျက်စီးဖို့ ကြိုးစားနေချိန်...

လျံမင်ချန်း - ဦး

ဟု သူမ အော်သံ မကြာသေး ဇက်ဒ်လည်း တံခါးကို စောင့်ကန်ဖွင့်လိုက်ပြီး ထိုလူ့ကို ဂုတ်မှစောင့်ဆွဲကာ မျက်ခွက်ကို ဆွဲထိုးပစ်လိုက်လေသည်

"အား"

ဟု ထိုလူ လဲကျသွားတုန်းရှိသေး "ဒိုင်း" ဆိုပြီး ပစ်သတ်လိုက်တာကြောင့် သူမလေး ထိတ်လန့်သွားလေသည်

ဇက်ဒ် - ကလေး

ဟု ဇက်ဒ်လည်း သူမလေး အနားပြေးသွားပြီး ဝတ်ထားတဲ့ ကုတ်ကို ချွတ်၍ အမြင်ရိုင်းနေတဲ့သူမလေး ကိုယ်ပေါ် ဆွဲခြုံပေးလိုက်ပြီး ...

ဇက်ဒ် - မတ်တတ်ရပ်နိုင်ရဲ့လား ? ကလေး

ဟုဆိုရင်း သူမလေးကို ဖြေးဖြေးချင်း ထခိုင်း
လိုက်၍ အရမ်းကို ကြောက်လန့်နေတဲ့ သူမကတော့ ဒူးခေါင်းတွေ တုန်နေပြီး ခြေထောက်တွေ မထိန်းနိုင်တာကြောင့် ဦးရဲ့ ရင်ခွင်ထဲသို့ ပြိုလဲကျမိကာ ...

ဇက်ဒ် - ကလေး ရရဲ့လား ဘာဖြစ်သွားသေးလဲ ?

လျံမင်ချန်း - ဟင့်ဟီး... ဦး...ဦး...

ဟု ငိုပဲငိုရင်း ကိုယ့်ကိုပဲ ခေါ်နေတော့တဲ့ သူမလေးကြောင့် ဦးလည်း စိတ်ပူမိ၏

ဇက်ဒ် - မကြောက်နဲ့ မကြောက်နဲ့ ကိုယ်ရှိတယ်

ဆိုပြီး တင်းတင်းကျပ်ကျပ် ဖက်ထားမိလိုက်သည် နေသန် လီယို မက်စ့် ရေချယ်လ် နဲ့ အက်ဝပ်ဒ်တို့လည်း စိတ်ပူနေကြသော ဟန်ဖြင့် ရောက်လာကြကာ သူမလေး ငိုနေရင်းကနေ ဦးရဲ့ ရင်ခွင်ထဲမှာပဲ အငိုရပ်ပြီး အရုပ်ကြိုးပျက်ကဲ့သို့ သတိမေ့သွား တော့တာကြောင့်...

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now