Page (8)

936 26 0
                                    

I ' ll Be There 💕

Page (8)

လူဒါ - ဘာ... သူမ လွှတ်သွားတယ်

ဟု ဒေါသကြီး ထအော်လိုက်တဲ့ အသံ...

"ဟုတ်ပါတယ် ဆရာကြီး"

လူဒါ - "တောက်" အသုံးမကျတဲ့ ဟာတွေ ...
ရတယ်လေ ဘေးနားက ဖဲချပ်တွေ ထိမရတော့ မိန်း ဖဲချပ်ကိုပဲ ဆွဲယူရသေးတာပေါ့ ငါ့မှာ ကစားနည်းတွေ ကျန်ပါသေးတယ် ဇက်ဒ်ရာ

ဟု ဆိုရင်း အကြံရှိလှသော မဲ့ရဲ့ရဲ့ အပြုံးတွေနဲ့အတူ ကြောက်စရာကောင်းတဲ့ မျက်လုံး တွေက လူဒါနဲ့ မျက်နှာပေါ်မှာ မြွေဟောက် သဖွယ်ပင်

"ဒိုင်း..."

ဆိုတဲ့ သေနတ် သံကြောင့် အက်ဝပ်ဒ် နည်းနည်းမှ မတုန်မလှု​ပ် ဆေးခြောက်လေး ဖွာရင်း ထိုင်နေရာတောင် အမူမပျက်

"မင်းတို့ တရားလွန်နေပြီနော် အာဏာရှိတယ်ဆိုတိုင်း ဂိုဏ်းငယ်တွေကို လိုက်သိမ်းမနေနဲ့
ငါတို့ရဲ့ ကလပ်ကို ပျက်စီးရအောင် မင်းတို့တော်တော်များနေပြီ"

အက်ဝပ်ဒ် - ဒါကတော့ မင်းတို့ ဘက်က အရင်ရန်လာစတာကို

"မင်း... အား...လွှတ်စမ်း ဟျောင့်တွေ"

ဟု အက်ဝပ်ဒ် ရဲ့ လူတစ်ချို့က ထိုမူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ကို ဖမ်းချုပ်ပြီး လည်ပင်းကိုဓားနဲ့ ထောက်ထားလိုက်ကြတော့...

အက်ဝပ်ဒ် - မင်းဟာမင်း Darker ရဲ့ ခွေးသွားလုပ်တာကို... ငါတို့ကို ပြန်ငြိုငြင်ရဲတာလား... မင်းဟာ မင်းအေးဆေး နေနေလိုက်တာပဲ ကောင်းမယ်နော်

ဟု ဓားတစ်ချောင်းနဲ့ မူးယစ်ဆေးခေါင်းဆောင်ရဲ့ မျက်နှာကို လိုက်ပွတ်ရင်း ပြောလိုက်တော့ ထိုလူလည်း ဒေါသ ဖြစ်စွာဖြင့် ပြန်ရုန်းကန်လိုက်ပြီး "တောက်" တစ်ချက်ခေါက်ကာ ထွက်သွားတော့ လေသည်

မင်ချန်းတို့ အိမ်၌...

ဝါရန် , လျံမင်ချန်း - ဟင့်...ဟီး ...

ဟု နှစ်ယောက်သား ဖက်ပြီး မထွက်တဲ့ မျက်ရည် တွေကို ညစ်ထုတ်ရင်း အော်နေကြတာတဲ့ သူမတို့ကြောင့် ဟိဒဲ ကြည့်ပြီး စိတ်ပျက်မိပေ

မိန်းမချင်း ဖက်နေတာတောင် ဦးရဲ့ အူတူမူတွေက ဝင်မဆွဲရ ကောင်းလားဆိုတဲ့ နေသန့်ဆီ မျက်တောက်နီနဲ့ပင်

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now