Page (19)

632 16 0
                                    

I ' ll Be There 💕

Page (19)

အရှိန်မြန်နေတဲ့ ကားတစ်ခုထဲတွင်...

လျံမင်ချန်း - ဟယ်လီ ...ဟယ်လီ ထပါအုံး

ဆိုသည့် အတင်း လှုပ်နိုး သံကြောင့်...

ဟယ်လီ - အား

ဟု သူမလည်း ခေါင်းလေး မူးဝေစွာဖြင့် သတိရလာကာ...

ဟယ်လီ - မင်ချန်း... ရှင်...ရှင်တို့ ဘယ်သူတွေလဲ ? ကျွန်မတို့ကို လွှတ်ပေးစမ်း

"တိတ်တိတ် နေစမ်း"

ဟယ်လီ - တိတ်နေရမှာက ရှင်တို့ပဲ

ဟု ဆိုရင်း သတိရလာ လာခြင်း အော်ဟစ်သောင်းကျန်းတော့တဲ့ ဟယ်လီတစ်ယောက်

ကား အနောက်ခန်းကနေ ခါးကြီး ကုန်းပြီးဟောင် မောင်းနေတဲ့ စတီယာတိုင်ကို ဆွဲဝင်လုတော့လေရာ...

ဟောင် - ဟာ... ဖယ်စမ်း

ဟယ်လီ - လွှတ်ပေး

ဟု ဟန်ချက်မညီ ပြေးကစားနေတဲ့ စတီယာရင်ကြောင့် ကားမှာလည်း ဟိုပြေးဒီးပြေး စည်းချက် မညီ မောင်းနေတော့ရာ "ဒုန်း" ဆိုပြီး ဓာတ်တိုင် တစ်ခုကို သွားတိုက်မိ လိုက်၍...

ဟယ်လီ ; လျံမင်ချန်း - အား

ဟယ်လီ - မင်ချန်း

လျံမင်ချန်း - အား

ဟယ်လီ - အမြန် ... ပြေးကြမယ်

ဟု ဓာတ်တိုင်နဲ့ကား သွားတိုက်လို​က်တဲ့ အခွင့်အရေးကြောင့် သူမတို့လည်း တုံဆိုင်းမနေပဲ အလျင်အမြန် ကားထဲမှ ပြေးဆင်းကြကာ...

"ဟဲ့ရောင်တွေ အမြန် လိုက်ဖမ်းကြစမ်း"

ဟု အလစ်ငိုက်တုန်း ထွက်ပြေး​သွားကြတော့တဲ့သူမတို့ကြောင့် ကြေးစား လူသတ်ဂိုဏ်း ခေါင်း
ဆောင်နဲ့ ဟောင်တို့လည်း အမြန် လိုက်ဖမ်း
ကြရတော့၍...

အားနည်းလှတဲ့ မိန်းမသား နှစ်ယောက်မို့ အချိန်မှီ ပြန်ဖမ်းမိ သွားကြ​လိုက်ကာ...

ဟယ်လီ - အား... လွှတ်စမ်း ငါ့ကို လွှတ်စမ်း လူဆိုးကြီးတွေ မထိနဲ့

လျံမင်ချန်း - ဟယ်လီ

ဟယ်လီ - မင်ချန်း

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now