Page (17)

480 17 0
                                    

I ' ll Be There 💕

Page (17)

ဆေးရုံ အခန်း ထဲသို့ ​ပြတင်း ပေါက်မှန်မှ တစ်ဆင့် ဖြာကျနေတဲ့ အလင်းရောင်ကြောင့် နေ့ခင်းလေး တစ်နေ့ ဖြစ်နေသလို မျက်လုံးဖွင့်လိုက်တိုင်း အမှောင်ထုကိုသာ မြင်နေရတဲ့ ခံစားချက်ကြီးက နေသားကျနေတာမို့ မထူးဆန်းတော့ပေ သို့သော်ထိထားတဲ့ ဒဏ်တွေကြောင့် သူမ့ ခန္ဒာကိုယ်မှာ အနည်းငယ် ထုံကျင်ကိုက်ခဲနေ၍…

လျံမင်ချန်း - အား

ဟု ကြားမိတော့ လော်ရိန်းတစ်ယောက် အိပ်ချင်မူးတူးရုပ်နဲ့ နိုးလာကာ…

လော်ရိန်း - မင်ချန်း သတိရလာပြီ

ဟု ရုတ်တရက် ထအော်လိုက်တဲ့ သူမ အသံကြောင့် ထိုအခန်းထဲမှာပဲ နေ့ညမပျက် စုအိပ်နေကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးလည်း
လန့်နိုး သွားကြ၍…

ဇက်ဒ် - ကလေး

လျံမင်ချန်း - အား …

ဇက်ဒ် - ကလေး ရရဲ့လား ဘယ်နားနာနေသေးလဲ ?

လီယို - ကျွန်တော် ဆရာဝန်သွားခေါ်လိုက်မယ်

လျံမင်ချန်း - ရတယ်

ဟု သူမ အော်တားအသံကြောင့် လီယို လည်း ခြေလှမ်းများရပ်မိ၍…

ဇက်ဒ် - ကလေး အဆင်ပြေရဲ့လား ဘယ်နားနေလို့မကောင်းနေသေးလဲ ?

လျံမင်ချန်း - ရတယ် ဦး နည်းနည်း နာနေတာပဲရှိတာပါ အဆင်ပြေပါတယ်

ဇက်ဒ် - နာနေတယ်ဆို ဆရာဝန်သွားခေါ်ရမှာပေါ့ လီယို

လျံမင်ချန်း - ဦး

ဟု ဆိုရင်း ရုတ်တရက် ဘေးနားရှိ ဦး လက်ကိုဆုပ်ကိုင်လိုက်တော့ ဦး သူမလေးကို လှမ်းကြည့်မိရာ…

လျံမင်ချန်း - အစ်ကိုမက်စ့်ရော အစ်ကိုမက်စ့်ဘယ်မှာလဲ ? မင်ချန်း အစ်ကိုမက်စ့်နဲ့ တွေ့ချင်လို့ပါ

ဆိုသည့်အမေးကို အကုန်လုံး ငြိမ်သက်စွာနဲ့ပြန်မဖြေ ဘယ်လို စပြောလို့ ပြောရမှန်းမသိ အကုန်လုံးလည်း ခေါင်းခဲနေမိ ကြ၍…

လျံမင်ချန်း - ဦး… အစ်ကိုမက်စ့်ရောလို့ဆို ဒီမှာအစ်ကိုမက်စ့်ရှိနေလို့လား အစ်ကိုမက်စ့်

I ' ll Be There 💕 ( ငါ မင်းအနားမှာအမြဲတမ်းရှိ​နေမယ် ){ Completed }Where stories live. Discover now