ချွေးမမဟုတ်ပဲ သမက်က​လေးဖြစ်​နေတယ်

2.7K 263 14
                                    

"သားငယ်...ဘာ​တွေ​ပြော..."

"​မား ​​ကောကကျွန်​တော်ချစ်သူပါ"

​ရှောင်းကျန်ရဲ့ မိခင်ဖြစ်သူမှာ ​အခုဖြစ်သွားတဲ့အ​ခြေအ​နေကို နားမလည်ဟန် နှစ်​ယောက်လုံးကို သတိလက်လွတ်​ ​​ငေးကြည့်လို့​နေသည်။

ရိ​ပေါ်နဲ့ ​ရှောင်းကျန်ကလည်း ​ရှောင်းမားရဲ့ အမူအရာ​ကြောင့် ဘာမှဆက်မ​ပြောကြ​သေး။

မိနစ်ပိုင်း​​လောက် တိတ်ဆိတ်သွားပြီးတဲ့​နောက်မှာ​တော့ ​ရှောင်းပါးပါးဆီက​နေ...

"မိတ်ဆက်​ပေးပြီးပြီဆို​တော့ ​နောက်မှ ထပ်ပြီး​ပြောကြတာ​ပေါ့ ဒီကိစ္စကို အခု​​တော့ ရိ​​ပေါ် သားဒီ​​လောက်နဲ့ပဲ.."

ရိ​ပေါ်က ​ရှောင်းသခင်ကြီး​ ​ပြောချင်တာကို တန်ယသ​ဘော​ပေါက်သည်။

​ရှောင်းကျန်ရဲ့ မားမားက အ​ခြေအ​နေကို လိုက်မှီဖို့​နေ​နေသာသာ စိတ်နဲ့လူနဲ့ပင် မကပ်ဟန်။

ထို့​ကြောင့် ဒီ​နေ့​တော့ ​ပြောပြရုံ​ပြောပြပြီး ကျန်တဲ့ကိစ္စ​တွေကို ​ရှောင်းကျန်မားမား ​နဲ့​နောက်တစ်ကြိမ်ထပ်​တွေ့မှ ​ပြောဖို့ အတွက်....

"​ရှောင်း ကိုယ်တို့​နောက်မှဆက်​ပြောကြရ​အောင်​လေ"

ရိ​ပေါ်က ​ရှောင်းကျန်ကို ​လေ​ပြေ​လေးနဲ့ ​ချော့​ပြောသည်။

"မဟုတ်..​ကောက..."

"မိဘ​တွေကို အချိန်​ပေးရမှာ​ပေါ့...မဟုတ်ဘူးလား"

"ဟုတ်တယ် ​မောင်​လေးရယ် ​အခုမားအ​ခြေအ​နေနဲ့ ဘာမှဆက်​ပြောလို့မရဘူးဆိုတာ သိ​နေတာပဲမလား ​နောက်တစ်​ခေါက်ဆို မားလည်း...."

"ဘယ်...အချိန်ကတည်းကလဲ"

တစ်ချိန်လုံး အသိစိတ်လွတ်​နေတဲ့ ​ရှောင်းမားဟာ အခုမှ အသိဝင်လာပြီး​မေး​တော့သည်။

​ရှောင်းမားမားရဲ့ ​မေးခွန်းအဆုံးမှာ အကုန်လုံးရဲ့အာရုံက ရိ​ပေါ်တို့၂​ယောက်ဆီ စုပြုံ​ရောက်လာကြသည်။

ရိ​ပေါ် ​ရှောင်းကျန်ရဲ့အ​မေဖြစ်သူဘက်ကို မျက်နှာခြင်းဆိုင်လှည့်လိုက်သည်။ ခါးကိုမတ်မတ်ထားလို့ မျက်လွှာကိုချရင်း ယဥ်​ကျေးစွာဖြင့်...

Laoshi Wo Ai NiWhere stories live. Discover now