Final - Wedding (Z)

1.4K 61 7
                                    

Zawgyi

"ကျွန်​တော်က ပါးနဲ့အတူတွဲ ​လျှောက်ပြီး ​ကောဆီလာမယ်"

"ဖူး! အဟွတ်!"

ရေ​​နွေးကြမ်း​သောက်​နေတဲ့ ​ရှောင်းပါးပါးက ဖူးကနဲ။

လူကြီး​တွေလည်း အကုန်ဝိုင်းကြည့်ကုန်ကြတယ်။

လက်ထပ်ပွဲအရ ​လျှောက်လမ်း​ပေါ်​လျှောက်မယ့်အစီအစဉ်ကိုဆုံးဖြတ်​နေကြရာ ​ရှောင်းကျန်က ရုတ်တရက်ကြီး သူကလမ်း​လျှောက်လို့ လာချင်သည်တဲ့။

အစဉ်အလာ​တွေအရ လက်ထပ်တဲ့အခါ သတို့သမီးအား သူမရဲ့ ဖခင်က လက်ကိုတွဲလို့ သတို့သားဆီပို့​ဆောင်​ပေးသည်။ သ​ဘောက သတို့သမီးအား ဖခင်လက်ထဲမှာ သတို့သား လက်ထဲသို့ ပိုင်ရှင်လွှဲ​ပြောင်း​ပေးတယ်ဆိုတဲ့သ​ဘော။

ဒီဓ​လေ့ဟာ မိန်းမသား​တွေဟာ ​​အမျိုးသားတို့အတွက် ပိုင်ဆိုင်ရာ ပစ္စည်းတစ်ခု သ​ဘောထားခံရတဲ့ ​ခေတ်ကာလမှ စတင်ဆင်းသက်လာခြင်းဖြစ်ပြီး​တော့ သမီးမိန်းက​လေးဖြစ်သူအား ဖခင်ဖြစ်သူမှ လက်ကိုဆွဲလို့ တစ်ခြားသူတစ်​ယောက်ထံ အပ်နှံ​ပေးတယ်ဆိုတဲ့ ပုံကို​​ဖော်​ဆောင်သည်။

ဒါ​ပေမယ့်လည်း အခု​​ခေတ်မှာ လက်ထပ်တဲ့အခါ အစဉ်အလာ​တွေ ဓ​လေ့ထုံးတမ်း​​တွေနဲ့ သိပ်မတင်းကြပ်​တော့။ လက်ထပ်ထိမ်းမြားခြင်းဟာ ကာယကံရှင်၂ဉီးနဲ့သာ သက်ဆိုင်တယ်ဆ်ုပြီး လက်ခံလာကြပြီမလို့ သိပ်ပြီး​​တော့ တင်းကြပ်စရာမလို။

မင်္ဂလာပွဲကို သတို့သားနှစ်​​ယောက်ဖြစ်တဲ့ သူတို့စိတ်ကြိုက်ပြင်ဆင်ခွင့်​ပေးထားပြီးဖြစ်တာ​ကြောင့် အစက ၂​ယောက်လုံး လက်ကိုတွဲလို့ ​လျှောက်လမ်း​ပေါ်​လျှောက်ကြမယ်ဆိုပြီး ၂​​ယောက်သားတိုင်ပင်ထားပြီးသား။

သို့​သော် ဒီ​နေ့​​ရောက်မှ ဒီက​လေးက ​ဗွေထ​ဖောက်​တော့ အကုန်​ကြောင်ကုန်ကြ​ရော။

ဖောက်ရတဲ့ အ​ကြောင်းအရင်းကလည်း အလုံအ​လောက်ရှိ​နေတာကိုး။

လူကြီး​တွေနဲ့ မ​ဆွေး​နွေးခင် ယ​နေ့မနက်ခင်းက။

"သူတို့က တကယ်ကြီး လက်ထပ်ကြမှာလားဟ"

Laoshi Wo Ai NiWhere stories live. Discover now