​ရွေးချယ်စရာ​တွေ ရှိ​နေလဲ ကိုယ်က​တော့...

3.4K 259 24
                                    

Unicode

ဧည့်ခန်းထဲမှာ ​ရှောင်းသခင်ကြီးရယ်သခင်မကြီးရယ် က ထိုင်လျက်​ရှိ​နေကြပြီး ဝမ်​လောင်ရှီးက အ​ရှေ့တည့်တည့်မှာ ထိုင်လို့​နေသည်။

"ငါ့သားနဲ့ မင်းနဲ့ မဖြစ်ဘူးဝမ်ရိ​ပေါ်"

​ရိ​ပေါ်​​ရဲ့ပေါင်​​ပေါ်က လက်သီးဆုပ်ဟာ ခပ်တင်းတင်းဖြစ်သွားပြီး။

"အားရီတို့က မင်းကိုကြည်ဖြူ​ပေမယ့် မင်းအိမ်ကစည်း​ကျော်ပြီး သားကို​ရော အားရီတို့ကို​ရော ထိခိုက်​အောင်လုပ်ခဲ့တယ်"

"မင်းအမှားမဟုတ်မှန်း ဦးတို့သိပါတယ်။ မင်းအိမ်ဘက်က သ​ဘောမကျမှန်းသိတာ​တောင် ဦးတို့က သားမျက်နှာတစ်ခုတည်းကိုကြည့်ပြီး​တော့ မင်းကို လက်ခံ​ပေးခဲ့တာ"

"ကျွန်​တော်သိပါတယ်"

"ဝမ်ရင်ကို အခုလိုအထိလည်း လုပ်မယ်လို့ ထင်မထားခဲ့မိဘူး"

"သားငယ်က မင်းကို ဘယ်​လောက်တွယ်တာသလဲ ဆိုတာ အားရီတို့သိပြီးသားပါ။ သား​ပျော်ဖို့ကိုပဲ ဦးစား​ပေးထားတာ ဆို​ပေမယ့် သားကို ထိခိုက်​စေလာရင်​​တော့ အားရီတို့လည်း ​ရှေ့​လျှောက် သ​ဘောတူဖို့မဖြစ်နိုင်​တော့ဘူး"

"အခုဖြစ်သွားတဲ့ ပြသနာမှာ သားကသူ့သ​ဘောနဲ့သူ ​ဖော်လိုက်တာ ဆို​ပေမယ် အခန့်မသင့်ရင် ဦးတို့တစ်မိသားစုလုံး ​ရှောင်း groupကိုဆုံးရှုံးသွားနိုင်တယ်"

"ကျွန်​တော့်​ကိုအရင်းခံတဲ့ ကိစ္စ​ကြောင့်ဆို​ပေမယ့် တစ်ခါ​လောက်ပဲ အခွင့်အ​ရေးထပ်ပြီး..."

"ဒီကိစ္စက အခွင့်​ရေး​ပေးရုံနဲ့ ရှင်းသွားတဲ့ကိစ္စမဟုတ်ဘူးဆိုတာ ​မောင်ရင်လည်း သိတယ်မလား"

"စကားကုန်​ပြောရရင်မင်းက ဝမ်မျိုးရိုးဖြစ်​​နေသ၍ ကိစ္စ​တွေက ပိုရှုပ်​ထွေးလာဖို့ပဲရှိတယ်။"

"​​ရှောင်းကျန်က ​သေချာ​ပေါက်မင်းကို လက်လွှတ်မှာမဟုတ်​တော့ ရိ​​ပေါ်ကပဲ အလိုက်တသိနဲ့ ထွက်သွား​ပေးဖို့ ​မျှော်လင့်တယ်"

​ရှောင်းကျန်​မေ​မေက ​ပြောပြီးတာနဲ့ ထထွက်ကာသွား​​တော့သည်။

Laoshi Wo Ai NiWhere stories live. Discover now