"ဒီနေ့မောင် နည်းနည်း နောက်ကျမယ်နော် ကော"
"အင်း ညစာရော"
"ကောနဲ့ တူတူစားမှာ ၈နာရီလောက်ဆို ပြန်ရောက်ပါပြီ ကောစောင့်ပေးမလားဟင်"
"စောင့်နေမယ်လေအဲ့တာဆို"
"ကောကြိုက်တဲ့ ရေဘဝဲအစပ်ချက်ပေးမှာမို့ ဘာမှမလုပ်ထားနဲ့ ပြန်ရောက်လို့ ဗိုက်ဆာရင် မနေ့က ပေါင်မုန့်တွေ ကျန်သေးတယ် refrigerator ထဲမှာ ချောကလက်ကိတ် ၂လုံးရှိတယ် ဖက်ထုပ်တွေလည်းရှိတယ် အဆာပြေစားထားနှင့်"
"ကိုယ်သိပါတယ် "
"မောင်က စိတ်ပူလို့ပြောတာလေ"
မျက်နှာအနေအထားက စူပွစူပွဖြစ်နေပြီ။ လောင်ရှီးက မသိသေး။
"အင်းလေ ကိုယ်သိတယ်လို့"
"ကောက အခုတလော စိတ်ကိုမရှည်ဘူး"
WYB: (0_0")
ဘာမှမလုပ်ပဲ အပြောခံလိုက်ရပြန်တာကြောင့် ရိပေါ်သက်ပြင်းသာချလိုက်တယ်။ ဒီကလေး တအားစိတ်ဆတ်နေတာ အခုတလော။
"မောင်ကကောကို ဒီလောက်ဂရုစိုက်ပေးနေတာ ဆုလေးဘာလေး ချသင့်..."
Mhwa!
ရှောင်းကျန်တစ်ယောက်က အသက်ကြီးလာမှကို စကားတွေများလွန်းတယ်။ တစ်နေ့တစ်နေ့ သူ့အမြင်မတော်ရင် ပွစိပွစိရွတ်တယ်ဆိုတာ မပြီးနိုင်မစီးနိုင်။
ဝမ်ရိပေါ်ကိုလည်း သူ့ဆရာဆိုတာကို မေ့ပြီး တစ်နေ့တစ်နေ့ အမေအိုကြီးကလေးထိန်းသလိုကို လိုက်ထိန်းနေတာ။ အိမ်ပြန်ရောက်ရင်လည်း မျက်စိအောက်ကကို အပျောက်မခံဘူး။ အိမ်သာတက်တာတောင် ပြောသွားရတဲ့အထိပဲ။
အခုလည်း ဘာတွေမကျေမနပ်ဖြစ်နေမှန်းကို မသိ။ ပါးကို တစ်ချက်နမ်းပေးလိုက်မှ ငြိမ်သွားတော့တယ်။
"ရပြီလား ဆု ဒီဘက်လှည့် necktileချည်ပေးမယ်"
အရပ်အမောင်းကောင်းကောင်းနဲ့ ကိုယ်ထည်ဟာ အနားကပ်လာတော့ ရိပေါ်ကိုယ်လေးက ရင်ခွင်ထဲမှာ ကွက်တိ။
YOU ARE READING
Laoshi Wo Ai Ni
Fanfictionအဆိုးကောင်လေးကို ထိန်းရတာလွယ်မနေဘူး ပရိတ်သတ်တို့............... Wang Yi Bo လောင်ရှီးက ကျွန်တော်နဲ့မချစ်ရင် ဘယ်သူနဲ့မှမချစ်ရဘူး Xiao Zh...