"ပုံတွေကလှလိုက်တာ..."
"ဟုတ်တယ်မလား...ပါးကိုတောင်ကျေးဇူးတင်ရမလိုဖြစ်သွားပြီ မောင်တို့အတွက် အမှတ်တရဖြစ်စေလို့"
"အင်း"
အနေအထားအရ ကုတင်ပေါ်မှာ panjama အစိမ်းရောင်ဝမ်းဆက်ကလေးနဲ့ နုနုဖတ်ဖတ် လောင်ရှီးကို ရှောင်းကျန်က ရင်ခွင်ထဲထည့်လို့ အနောက်ကနေခါးကို ဖက်ထားသည့်အခြေအနေ။ ရှေ့မှာရှိနေတဲ့ ဆရာသေးသေးလေးဟာ ဓါတ်ပုံတွေကို စိတ်ဝင်တစားကြည့်ရင်း သဘောတွေကျလို့နေသည်။
လောင်ရှီးဆီကနေရနေတဲ့ စတော်ဘယ်ရီနို့နံ့သင်းသင်းဟာ ရှောင်းကျန်စိတ်ကို ကလူမြူလို့နေ၏။
ရှောင်းကျန်ရဲ့ချစ်သူဆရာ ပေါက်စီလုံးလေးဟာ ရှောင်းကျန်ပါးပါးနဲ့ပတ်သတ်ပြီးစိုးရိမ်နေခဲ့တာ...။ သဘောတူတယ်လို့ပြောတုန်းက သူ့မျက်လုံးထဲကို စိုက်ကြည့်ရင်း တကယ်ဟုတ်မဟုတ်ကို အဖြေရှာနေတာများ.... ချစ်ဖို့ကောင်းပြီး အကဲပိုရသည်။
"မနက်ကျ ယန်လီတို့ ဘယ်အချိန်လာမယ်ပြောလဲ"
"၈ခွဲလောက်မှ လာခဲ့လို့ မောင်က ပြောလိုက်တယ်ကော"
"အင်း အကိုက်ပါပဲ အဲ့အချိန်ဆို"
မနေ့ညက နှစ်ယောက်လုံး မိဘတွေနဲ့ တွေ့ပြီး ပြန်သွားရတာကြောင့် ကျန်းချန်တို့ကို ဖုန်းဆက်ပြီး ရိပေါ်အကျိုးအကြောင်းကို ဖုန်းဆက်ပြောတော့ အကုန်လုံးက နားလည်ပေးကြသည်။
သို့သော်လည်း ဧည့်ခံဖို့ပျက်ကွက်ခဲ့တာကြောင့် မနက်ခင်းတစ်ပိုင်းကို အိမ်မှာ breakfast ကျွေးချင်ကြောင်း ဖိတ်ကြားတော့ အားလုံးကာ တက်ကြွစွာပင် လာမယ်တကဲကဲဖြစ်နေကြသည်။ ရှောင်းကျန်ချက်ကျွေးတဲ့ မနက်စာကို စားဖို့အခွင့်အရေးဟာ ရွှေထက်ပင်တန်ဖိုးရှိသေးတယ်။ ဒီကောင်စုတ်ကလေးက သူ့ဆရာကလွဲ ဒီအမနဲ့ အဖေအမေတွေကိုတောင် ချက်ကျွေးဖူးတာမဟုတ်။
"မောင်သူတို့ကို ဘာလုပ်ကျွေးရမလဲဟင် ကောဘာကျွေးချင်လဲ"
YOU ARE READING
Laoshi Wo Ai Ni
Fanfictionအဆိုးကောင်လေးကို ထိန်းရတာလွယ်မနေဘူး ပရိတ်သတ်တို့............... Wang Yi Bo လောင်ရှီးက ကျွန်တော်နဲ့မချစ်ရင် ဘယ်သူနဲ့မှမချစ်ရဘူး Xiao Zh...