Unicode
"ရှောင်းကျန် လာပြီလား"
"ကော"
"ဘယ်တွေသွားနေတာလဲ"
"ဟို....ဟောက်ရွှမ်းဆီ"
ပုံစံကြည့်ရတာလည်း အပြေးအလွှားရောက်လာတဲ့ပုံ။
ဖုန်းခေါ်တုန်းကတော့ မကိုင်ဘဲ စောနကမှ အသည်းအသန်သူ့ကို ဖုန်းပြန်ခေါ်လေရဲ့။ အစမရှိ အဆုံးမရှိ ကောကို ပြန်ဖို့လာခေါ်ပြီလို့ပြောပြီး အိမ်ေတာ်ကို သွားဖို့ပြင်နေတဲ့ လူကို ဇွတ်တားရရင်း အိမ်ပြန်ရောက်နေပြီဖြစ်ကြောင်းကို လည်း ပြောရသေးတယ်။
ဖုန်းပြောပြီး ၁၅မိနစ်လောက်ကြာတော့ တန်းရောက်ချလာတော့တာပဲ။ ရှောင်းကျန် တစ်ယောက်ဘာတွေ လောလို့လောနေမှန်းမသိ။
"ဘာဖြစ်လာတာလဲ"
"ဘာမှမဖြစ်ပါဘူး"
မေးတော့လဲ မဖြေ။ အိုးတိုးအမ်းတမ်းနဲ့ သူ့ကိုရပ်ကြည့်နေသည်။ ဒီကလေး ပုံမှန်ဒါမျိုးမဟုတ်ပါဘူး။
အမှန်ဆို တွေ့တာနဲ "ကောကကွာာ အရမ်းလွမ်းနေတာ...." ဆိုပြီး သူ့ကိုမွတ်မွတ်သိပ်သိပ် အနမ်းတွေ ပေးရမှာမဟုတ်ဘူးလား???
"လာ"
လက်နှစ်ဖက်ကို ဆန့်တန်းပြီး ရင်ခွင်ကိုဖွင့်ပေးထားတဲ့ လောင်ရှီးဖြစ်သူကို ရှောင်းကျန်က ကြောင်စီစီနဲ့ကြည့်နေတယ်။
"မဖက်ဘူးလား?"
"ဟင်?...အာ! အင်းးး ဖက်မှာ ဖက်မှာ!!"
ယောင်တောင်တောင်ဖြစ်နေတဲ့ ရှောင်းကျန်ကို ရိပေါ်မသင်္ကာသလိုကြည့်နေတော့ အပြေးလေး ရင်ခွင်ထဲတိုးဝင်လာသည်။
ဂလန်ဂလား အရပ်ကြီးနဲ့ ကုန်းဖက်ထားတဲ့ ရှောင်းကျန်ပုံစံက ရယ်တော့ရယ်ချင်စရာ။
"ဘာဖြစ်လို့လဲ"
"ဟင်?"
"တစ်ခုခုရှိလို့လား"
ရိပေါ် ရှောင်းကျန်ရဲ့ မေးရိုးတွေထင်းနေတဲ့ ပါးနှစ်ဖက်ကို သူ့လက်နှစ်ဖက်နဲ့ အုပ်ကိုင်ရင်း မေးလိုက်တော့....။
YOU ARE READING
Laoshi Wo Ai Ni
Fanfictionအဆိုးကောင်လေးကို ထိန်းရတာလွယ်မနေဘူး ပရိတ်သတ်တို့............... Wang Yi Bo လောင်ရှီးက ကျွန်တော်နဲ့မချစ်ရင် ဘယ်သူနဲ့မှမချစ်ရဘူး Xiao Zh...