1.

1.8K 108 6
                                    

(Unicode)

" ယွီအာရေ... မနက်စာ စားဖို့ မဆင်းလာသေးဘူးလား။ "

ချန်ဖေးယွီဟာ အောက်ထပ်က သူ့အမေရဲ့ အော်ခေါ်သံကို ကြားပေမဲ့ မထနိုင်ဘူး။ ဘာလို့ဆို သူ့ခြေထောက်မှာ ပတ်တီးတွေနဲ့ ဖြစ်နေပြီး သူ့လက်တစ်ဖက်ကလည်း ကျောက်ပတ်တီးကြီးနဲ့မို့လို့။

သူဟာ မနေ့က အချိန်ခရီးသွားဖို့အတွက် အဖေဝယ်ပေးတဲ့ စက်ဘီးအသစ်လေးကို စီးပြီး ရပ်ထားတဲ့ ကားကို ပျော်ပျော်ကြီးဝင်တိုက်ချလိုက်တယ်။ အကျိုးဆက်ကတော့ သူ ဒီလို ဒဏ်ရာရလိုက်တာပဲ။ သူ့အဖေက ထိုကားပိုင်ရှင်ကို မနည်းတောင်းပန်ပြီး ငွေအမြောက်အမြားလျော်ပေးလိုက်ရတဲ့အပြင် ကျိုးပဲ့သွားတဲ့ သူ့စက်ဘီးလေးကို စက်ဘီးပြင်ဆိုင်ပို့ပြီး သူ့ကိုပါ ဆရာဝန်ဆီ ကုန်းပိုးပြီး ပို့ခဲ့ရတယ်။ ဒီလိုနဲ့ သူ့ရဲ့ ၆၃၉ကြိမ်မြောက် အချိန်ခရီးသွားခြင်း စမ်းသပ်ချက်ဟာ ရှုံးနိမ့်ခဲ့ပြန်တယ်။

" ယွီအာရေ.. ယွီအာ မင်း နိုးပြီလား။ "

သူ့အမေက ခဏခဏအော်ခေါ်နေလေတော့ သူ့အစ်ကိုကလည်း သူ့အမေကို လှမ်းအော်တော့တယ်။

" အမေ့! မနေ့က အမေ့သား အက်စီးဒန့်ဖြစ်ထားတယ်လေ။ "

"အော.... အေး ဟုတ်သားပဲ။ ဒါဆို မင်းပဲ သူ့အခန်းကို မနက်စာသွားပို့ပေးပါဦး။ "

" ပြီးရော... အမေ ဘာလို့သူ့ကို မွေးထားတာလဲ။ ကြည့်ပါဦး။ တကယ့် အမွှေစိန်ကောင် "

သူ့အစ်ကိုက သူ့အမေကို ပွစိပွစိနဲ့ ပြောရင်း သူရှိနေတဲ့ အပေါ်ထပ်ကို တက်လာတော့တယ်။ ပြီးနောက် သူ့အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး သူ့အိပ်ရာနားကို မနက်စာဗန်းလာချပေးလေတယ်။

" ငါ့အမေရဲ့သား ဖြစ်နေလို့နော် မင်း! တကယ်တော့ ငါ့အမေက မင်းကို မမွေးစားခဲ့သင့်ဘူး။ မွေးစားသားရဲ့! "

" ကျက်မပြည့်ရင်လည်း ကြက်ဥများများစား မင်းကိုမှ အမေက မွေးစားထားတာကွ! "

ချန်ဖေးယွီက မကျေနပ်ချက်တွေနဲ့ သူ့အစ်ကိုကို ရိုက်ထုတ်လိုက်တော့တယ်။ ညီအစ်ကိုအရင်းတွေပေမဲ့ ကြုံရင်ကြုံသလို ဒီလိုပဲ သတ်နေကျ။ မနက်စာ စားပြီးတဲ့နောက်မှာတော့ ချန်ဖေးယွီ စာလေ့လာဖို့ လုပ်တော့တယ်။ အချိန်ခရီးသွားခြင်းနဲ့ ပတ်သတ်ပြီး ပညာရှင်ပေါင်းများစွာရဲ့ ထုတ်သမျှစာအုပ်ပေါင်းမျိုးစုံကို သူဝယ်ဖတ်ခဲ့တာ။ ဒါပေမဲ့ သူ အခုထိမအောင်မြင်သေးဘူး။

TRAVELOGUE [Completed]Where stories live. Discover now