10.

393 45 0
                                    

(Unicode)

လော်ယွင်ရှီးက သူတို့နားမှ ပြေးထွက်သွားတဲ့ ချန်ဖေးယွီကြောင့် ဘာကိုမှ နားမလည်လိုက်ဘူး။ ချန်ဖေးယွီ ဘာဖြစ်သွားသလဲဆိုတာ မသိလိုက်ပေမဲ့ အဲ့သည့်ကောင်ငယ်လေးက သူယူလာတဲ့ မုန့်တွေကို သူတို့ရှေ့မှာတင် ပစ်ချသွားခဲ့တယ်။ သူ့ အခန်းထဲမှာလည်း ထိုကောင်လေး သောင်းကျန်းသွားတာကြောင့် အကျိုးအပဲ့တွေ မနည်းဘူး။

"ယွင်ရှီး ကိုယ် အစေခံကို ခေါ်ပြီး ရှင်းခိုင်းလိုက်မယ်။ မင်း မလုပ်နဲ့တော့။ "

" ဟုတ်ကဲ့ အစ်ကိုတော် ။  "

ယွင်ရှီးက ဖေးယွီပြေးထွက်သွားတဲ့လမ်းကိုပဲ ငေးကြည့်နေတော့တယ်။ အပြင်ဘက်မှာ လရောင်ရှိနေပေမဲ့ လမ်းလေးက သစ်ရိပ်တွေကြောင့် မှောင်လွန်းနေတယ်လို့ သူခံစားရတယ်။ သူက ထိုပုံစံဖြစ်နေလေတော့ မင်းသား၂က သူ့ကို မေးတော့တယ်။

" မင်း သူ့နောက် လိုက်သွားချင်လို့လား။ "

" ဟုတ်ကဲ့။ အခုက မှောင်နေပြီမို့ အပြင်မှာ သူ တစ်ခုခုဖြစ်မှာ စိုးလို့။ "

" ဒါပေမဲ့ ကိုယ့်ကို မင်းပြောပြနိုင်မလား။ သူက ဘယ်သူလဲ။ မင်းနဲ့က ဘယ်လိုပတ်သတ်မှုမျိုးလဲ။ "

" သူက ကျွန်တော် ကယ်လာတဲ့ လူနာပါ။ "

" အဲ့တာပဲလား။ အဲ့ထက်မပိုဘူးလား ယွင်ရှီး "

" အစ်ကိုတော် ဘာကို ဆိုလိုချင်တာလဲ။ "

" သူ့အတွက်တော့ အဲ့စကားတွေထက် ပိုလွန်းနေတယ်။ သူ မင်းအပေါ် ခံစားချက်ရှိနေတာ ကိုယ် မြင်ရတယ်။ မင်းကလည်း ..."

" ကျွန်တော်က ဘာဖြစ်လို့လဲ။ "

" သူက လူနာတစ်ယောက်ဆို ဘာလို့ဆေးကုသဆောင်မပို့ရတာလဲ။ မင်းက တစ်ယောက်တည်းနေရတာ ကြိုက်တဲ့လူမျိုးမဟုတ်ဘူးလား။ ဘာလို့ သူ့ကို မင်းအနားခေါ်ထားရတာလဲ။ ! "

" အစ်ကိုတော့် စကားတွေက အရမ်းဘောင်ကျော်နေပြီ။ ကျွန်တော် ဆက်မပြောချင်တော့ဘူး။ "

" ဟား ! ဘာလို့လဲ။ သူက အရင် စည်းကျော်ပြီး ကိုယ်တို့ စကားဝိုင်းကို လာဖျက်စီးသွားတာ မဟုတ်ဘူးလား! ဘာလို့ ကိုယ်က ဘောင်ကျော်တဲ့လူလို့ မင်းသတ်မှတ်ရတာလဲ။! "

TRAVELOGUE [Completed]Where stories live. Discover now